#Unicode
အမတ်ကြီး၏ အိမ်တော်၌မူ ဘဏ္ဍာရေးအမတ်ကြီးသည်ကား စာအုပ်တစ်အုပ်ကို အေးအေးလူလူ ဖတ်နေ၏။
စစ်မက်ရေးရာ အမတ်ကြီးကမူ အိမ်တော်တွင်း ဟိုဟိုဒီဒီလျှောက်ကြည့်နေ၏။
"အခြေအနေ ဘယ်လိုရှိတုန်း...၊ ရဲမာန်..."
"အားလုံး ရှင်းလင်းပြီးပါပြီ...."
"ကောင်းပြီ...၊ နန်းတွင်းထဲကရော ဘာကြားသေးလဲ..."
"အရှင်မင်းကြီးရဲ့ ကျန်းမာရေး အခြေအနေ တဖြည်းဖြည်း ဆိုးရွားလာပြီလို့ပြောပါတယ်....
ချောင်းဆိုးရင် သွေးပါလာတယ်တဲ့..."
"ဒီတိုင်းဆိုရင် အစီအစဥ်တွေက ခပ်မြန်မြန် အကောင်အထည် ဖော်ရပေတော့မပေါ့..."
"မှန်ပါတယ်.."
"စားဖိုဆောင်က လူကိုရော သေချာရှင်းထားရဲ့လား..."
"စိတ်မပူပါနဲ့ ဖခင်။ သူ့ အသက်စတေးပြီးတော့များတော့ ဖွင့်ဟဝန်ခံဖို့ရာ သတ္တိမရှိပါဘူး....."
"ဒါပေမယ့် ရဲမာန်၊ နန်းတွင်းရေးရာမှာတော့ ခလုတ်တသင်း တစ်ခုရှိနေလေရဲ့...."
"စိတ်မပူပါနဲ့ ဖခင်။ အားလုံးစီစဥ်ပြီးပါပြီ။ မကြာခင် အားလုံး အဆင်ပြေသွားပါလိမ့်မယ်...."
"ကောင်းပြီ....၊ ကောင်းပြီ....
အားလုံး အဆင်ပြေနေပြီပဲ...."
စကားသံအဆုံး ဟားတိုက်ရယ်မောနေသော အမတ်ကြီး၏ ရယ်သံသည်ကား တစ်နည်းတစ်ဖုံ မနှစ်မြို့ဖွယ်ကောင်းလှသည်။
ထို့အတူ ပျော်မြူးစွာပြုံးနေလေသော စစ်မက်ရေးရာအမတ်ကြီး၏ အပြုံးသည်မှာလည်း ကြောက်စရာကောင်းနေခဲ့၏။
•••••••••
"သခင်လေး...!!! သခင်လေး....!!""ဘာများတုန်း။ အလန့်တကြားနဲ့...."
"မင်းသမီးလေး...၊ မင်းသမီးလေးက...!!!"
"မဘုရား ဘာဖြစ်လို့လဲ။ ကဲ ဆိုစမ်းပါ၊ မြန်မြန်....!!"
"မင်းသမီးလေး လမ်းမှာ တိုက်ခိုက်ခံရလို့ပါတဲ့....."
"ဘာ....!!!! အခု မဘုရား၊ မဘုရားရော...."
YOU ARE READING
ရင်ကိုစိုက်သော ဆူး {Unicode}+{Zawgyi}
Fantasyကိုယ့်ရဲ့ ရှင်သန်ခြင်း၊သေဆုံးခြင်းက မင်းနဲ့သက်ဆိုင်နေတယ်ဆိုရင်ကိုယ်က မင်းအတွက်ဆူး ပဲ..။ ဆူးတောင်ရိုးရိုး ဆူး မဟုတ်ခဲ့ဘူး...။ ရင်ကို စိုက်မယ့်ဆူး... Alert🔔{ ဤ ဝတ္ထုပါ အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသက်သက်မျှသာဖြစ်ပါသည်။ မည်သည့်...