~41~

728 70 3
                                    

#Unicode

"မြန်မြန်ပြီးအောင် မလျှောက်တင်ပဲ ဘာလုပ်နေတုန်း မောင်မင်း...!!!"

"ထို... ထိုမျှမက....

နန်းမြို့အနီးသို့ပင် ရောက်ရှိနေပြီ ဖြစ်ကြောင်းပါ ဘုရား....!!"

"ဘာ..!!!"

"အရှင်မင်းကြီး...!!! နန်းမြို့ ဂိတ်တံခါးဆီသို့ ရန်သူတွေ ရောက်ရှိနေပြီဖြစ်ကြောင်းပါ ဘုရား...!!!"

လျှောက်တင်ချက်ပြီးသည်နှင့် မောင်ငယ်က အမိန့်များအား တန်းစီကာ ချမှတ်၏။ အိမ်ရှေ့စံအား လိုအပ်သည်များမှာကြားကာ စီစဥ်ဆောင်ရွက်စေ၏။ ထို့နောက် စစ်ဝတ်တန်ဆာ ဝတ်ဆင်ရင်း ရန်သူတပ်အား ရင်ဆိုင်ရန် ထွက်ခွါသွားခဲ့သည်။

မဘုရားသည်မှာလည်း မနေနိုင်စွာ လက်နက်ကို စွဲကိုင်ရင်း မောင်ငယ်၏ နောက်သို့ ထပ်ကြပ်မကွာ လိုက်ရန်ပြင်၏။

"မဘုရား ..! နေရစ်ခဲ့ပါ။ နန်းတော်ကိုသာ ကာကွယ်ပါလေ....!!"

"မနေရစ်ခဲ့နိုင်ဘူး မောင်ငယ်..!! တို့လည်း လိုက်ပါတိုက်ခိုက်မယ်။ တို့ရဲ့ လက်ရုံးရည်ကို မောင်ငယ်က အထင်သေးဝံ့တာလား...!"

"မောင်ငယ်က အဲ့ဒီလို ဆိုလိုချက်နဲ့ ပြောတာမဟုတ်မှန်း မဘုရား သိပါတယ်..."

"တို့ လိုက်ခဲ့မယ် မောင်ငယ်..."

ထိုအခါ မောင်ငယ်က သက်ပြင်းအသာချ၏။ အထိခိုက်မခံလိုသော ပူပန်မှုကြောင့် နန်းတော်၌သာ နေရစ်ခဲ့ရန် မှားကြားနေသည်ကိုလည်း နားလည်ပါသည်။ သို့သော်ငြား မသိစိတ်က အလွန်အမင်း ပူပန်နေသည်ကြောင့် လက်မခံလိုပေ။

မောင်ငယ်သည်ကား မဘုရား၏ ခေါင်းမာလွန်းသည့်အချက်အား မတွန်းလှန်နိုင်စွာ သက်ပြင်းသာ တွင်တွင်ချရင်း ခွင့်ပြုရလေ၏။ သို့သော်ငြား သူကသာ ရှေ့မှ ဦးဆောင်ကာ မဘုရားအား အနောက်တွင်သာ နေစေ၏။

နန်းမြို့၏ ဂိတ်တံခါးအပြင်ဘက်၌မူ ရန်သူတပ်သည်ကား အခိုင်အမာ တပ်စွဲထား၏။ ရဲမက်အင်အား တောင့်တင်းသည့်အပြင် သူတို့၏ အရှင်မင်းကြီးကိုယ်တိုင် ဦးဆောင်တိုက်ခိုက်သည်ကြောင့် ယုံကြည့်မှုများ ပြည့်ဝလျက်ရှိ၏။

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Where stories live. Discover now