~43~

883 68 7
                                    

#Unicode

"မောင်မင်း ဆိုလိုချင်တာက ဘာများလဲကွဲ့...!"

"လိမ်လည်လှည့်ဖျားခဲ့သူများက ကျွန်တော်မျိုးတို့နှစ်ယောက်တည်းလို့သာ သတ်မှတ်နေရင် မှားသွားမှာပေါ့ အရှင်မင်းကြီး...!"

"ဘယ်လို...!!"

"ကျွန်တော်မျိုးတို့နှစ်ယောက် ဘယ်လိုလွတ်မြောက်သွားခဲ့လဲ အရှင်မင်းကြီး မသိချင်ဘူးလား...

အဆိပ်ကရော ဘယ်လို ပြေသွားလဲ မသိချင်ပါဘူးလား အရှင်မင်းကြီး။ စစ်သူကြီးရှားကရော လိမ်ညာထွက်ဆိုပြီး အသေခံသွားရတဲ့ အကြောင်းအရင်း ကရော ဘာများလဲဆိုတာ သိချင်စိတ်ကလေးများ မရှိဘူးလား ဘုရား...!"

"........."

"တစ်ကယ်တော့ စစ်သူကြီးကို သတ်လိုက်တာဟာ အခြားသူမဟုတ်ပါဘူး။ အရှင်မင်းကြီး ကိုယ်တော်တိုင်ပါပဲ ဘုရား...!"

"အမတ်ကြီး ခင်ဗျား ပါးစပ်ကို ပိတ်ထားလိုက်ရင် ကောင်းမယ်ထင်ပါရဲ့...!"

"အသာနေစမ်းပါလေ အိမ်ရှေ့စံ ...!!"

အိမ်ရှေ့စံသည်ကား အခြေအနေအား ဆိုးရွားမသွားစေရန် ထိန်းချုပ်ချင်ပါသော်လည်း အခွင့်မသာခဲ့ပါပေ။ ကံကြမ္မာကိုက သိရှိသွားစေရန် စီစဥ်ခဲ့ပြီး ဖြစ်လိမ့်မည် ထင်ပါသည်။ မဘုရားကမူ ခံစားချက်များအား ထိန်းချုပ်ကာ တိတ်တဆိတ်သာ နေနေရှာ၏။

"ရှင်းအောင် လျှောက်တင်စမ်းပါ့ အမတ်ကြီး..။ နောင်တော်ကို သေစေခဲ့သူက ကိုယ်တော်ကိုယ်တိုင်သာ ဖြစ်ချေတယ်ပေါ့လေ..။ ဟုတ်စ...?

ဘာ့ကြောင့် ဒီလို လျှောက်တင်ရပါလိမ့်ဘအမတ်ကြီး..."

"ဘာကြောင့်လဲလို့မေးလာတော့ ဖြေကြရပေါ့လေ။

ကျွန်တော်မျိုးထံက အဆိပ်ဖြေဆေးကို ရယူလိုတဲ့အတွက်ပါ။ ကျွန်တော်မျိုးက အရှင်မင်းကြီးချစ်ခင်လှတဲ့ စစ်သူကြီးရှားရဲ့ အသက်ကို လိုချင်ခဲ့ရှာတာကိုး....

ဟားဟားဟား....!!"

ထိုအခါ ဒေါသကို ထိန်းချုပ်ထားသော မောင်ငယ်က သူ၏ ဒေါသအား ဆက်လက်ထိန်းချုပ်ရန် မစွမ်းသာတော့ပဲ ဓားရှည်ကို ဓားအိမ်မှ ဆွဲထုတ်လိုက်ရင်း အမတ်ကြီး၏ လည်မြိုထက်သို့ တင်လိုက်၏။

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Donde viven las historias. Descúbrelo ahora