#Unicode
လေ့ကျင့်ရေးကွင်းတစ်ခု၌ လူငယ်သုံးယောက် မြှားပစ်လေ့ကျင့်နေကြ၏။
လေးညှို့ကိုဆွဲတင်ရင်း စိတ်ဝင်တစား ပစ်နေကြပုံက စွမ်းရည်ပြည့်ဝလှကြောင်း သိသာလှသည်။
လွှတ်လိုက်သည်နှင့် လေဟုန်ကိုခွင်းကာ စိုက်ဝင်သွားကြသော မြှားတို့မှာမူ ပစ်မှတ်များဆီသို့ တိကျစွာ ကျရောက်လေ၏။
လေ့ကျင့်ချိန်ကြာမြင့်လာသည်နှင့်အမျှ အကြီးဆုံးတစ်ယောက်မှာမူ ဒိုင်အဖြစ်သို့ရောက်ရှိသွားခဲ့သည်။
ဒိုင်ဖြစ်သည်နှင့်အမျှ အသေအကြေငြင်းခုန်နေကြပါသော ကလေးငယ်နှစ်ယောက်အား ခေါင်းကြီးမတတ် ဖြေရှင်းရချေတော့သည်။
"မောင်ငယ် နိုင်တာပါ မဘုရား..."
"ပူးတွဲအနိုင်ရရှိပါတယ်လို့ ဆိုနေတယ်မဟုတ်လား မောင်ငယ်။
တို့နှစ်ယောက်လုံး ဆုံမှတ်အလည် တိတိကျကျ ရောက်ကြတယ် မဟုတ်ပေဘူးလား...."
"သို့သော်ငြား မောင်ငယ်က ဆုံမှတ်အလည်ကို ပိုလို့တောင် ကျရောက်တယ်လေ မဘုရားရဲ့...
ကြည့် ကြည့်။ ဒီကိုကြည့်ပါဦး.."
"အို ... မောင်ငယ်ပြတဲ့ ဟောဒီနေရာကလည်း အနီစက်ဝန်းပဲ။
တို့ မြှားတံရှိနေရာကလည်း အနီစက်ဝန်းပဲ..
တို့နှစ်ယောက်အမှတ်တူချေတယ်လေ..."
"အမှတ်တူနေလို့ပေါ့ မဘုရားရဲ့။ မောင်ငယ်က ပစ်မှတ်ကို ပိုတိကျလို့ မောင်ငယ် အနိုင်ရသင့်တာပေါ့..."
"တို့လည်း ပစ်မှတ်ကို ထိတာပဲ မောင်ငယ်။ မောင်ငယ် တစ်ဦးတည်း အနိုင်ရချင်လို့ရမလား..."
"အနိုင်ချင်တာပေါ့ မဘုရား။ လေးပစ်စွမ်းရည်ဆိုရင်ဖြင့် မောင်ငယ့်ကို ယှဥ်နိုင်သူမှ မရှိတာပဲ...."
"တို့ ယှဥ်နိုင်ပြီလေ..."
"မောင်ငယ်လောက် ပစ်မှတ်ကိုတိကျလို့လား မဘုရားရဲ့..."
"အမောင် ၊ အမောင်က ဒိုင်လူကြီးပဲ။ ဆိုချေစမ်း။ တို့နှစ်ယောက် ပူးတွဲအနိုင်မဟုတ်လား.."
YOU ARE READING
ရင်ကိုစိုက်သော ဆူး {Unicode}+{Zawgyi}
Fantasyကိုယ့်ရဲ့ ရှင်သန်ခြင်း၊သေဆုံးခြင်းက မင်းနဲ့သက်ဆိုင်နေတယ်ဆိုရင်ကိုယ်က မင်းအတွက်ဆူး ပဲ..။ ဆူးတောင်ရိုးရိုး ဆူး မဟုတ်ခဲ့ဘူး...။ ရင်ကို စိုက်မယ့်ဆူး... Alert🔔{ ဤ ဝတ္ထုပါ အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသက်သက်မျှသာဖြစ်ပါသည်။ မည်သည့်...