~11~

1.2K 141 9
                                    

#Unicode

အချိန်တို့သည်ကား တရွေ့ရွေ့ကုန်ဆုံးလာ၏။

ရက်အလီလီမှတစ်ဆင့် လအလီလီပြောင်းကာ နှစ်များသို့ အဖန်ဖန် ကူးပြောင်းနေခဲ့၏။

ကျွန်တော့် မျက်စိရှေ့မှ ငယ်လေး သည်မှာလည်း ချစ်စဖွယ် အငိုမင်းသားလေးမှ တစ်ဆင့် တိုက်ခိုက်နည်း ပညာများကိုပင် သင်ယူနိုင်သည့် ကောင်လေးတစ်ယောက်အသွင်ပြောင်းချေပြီ။

သို့ပေသိ ကျွန်တော့် အာရုံထဲမှ မျက်လုံး ဝိုင်းဝိုင်းလေးဖြင့် ဂျီကျတတ်သော ကလေးသေးသေးလေးမှာမူ ပျောက်ကွယ်မသွားခဲ့ပေ...

ယခုမူ ငယ်လေးက မြှားပစ်ခြင်း အတတ်ကို သင်ယူကာ လေ့ကျင့်နေချိန်ဖြစ်၏။

ကျွန်တော်သည်ကား ကူညီကာ လေ့ကျင့်ပေးရင်း အနားတွင် စောင့်ဆိုင်း နေမိသည်။

တစ်နည်းဆိုသော် ကျွန်တော်၏ ချစ်စဖွယ်ကလေးငယ်လေးအား ငေးမောကာ ထိုင်ကြည့်နေခြင်းသာ...

ခါးကို မတ်လျက် ပုခုံးကို ဖြောင့်ဖြောင့်ထားရင်း လေးညှို့ကို ခပ်တင်းတင်းဆွဲထားပုံက ချစ်စဖွယ် ကလေးငယ်လေး၏ အမူအရာ နှင့် ကွဲပြားနေချေ၏။

ပစ်မှတ်ကို အာရုံစိုက်ရင်း မျက်လုံးတစ်ဖက်ကိုမှိတ်ကာ အာရုံစူးစိုက်နေပုံက လေးနက်လွန်းလှသည်။

ထို့နောက် မြှားကို အသာလွှတ်လိုက်ချိန်မှာတော့ ပစ်မှတ်၏ ဗဟိုအား တိကျစွာ ထိမှန်ချေ၏။

"နောင်ကြီးရဲ့ ငယ်လေးက တော်ပါ့ဗျား.."

ကျွန်တော် ဝမ်းသားအားရ လက်ခုပ်တီးကာ အားပေးတော့ ပိုပြီဟူသော မျက်လုံးဖြင့် အသာဝင့်ကာ ကြည့်ချေ၏။

"နောင်ကြီးက ထိုင်မနေစမ်းပါနဲ့...။ငယ်လေးနဲ့အတူ လေ့ကျင့်လှည့်ပါ.."

"ကောင်းပါပြီ.."

"ဒီမှါက ပျင်းဖို့ကောင်းတယ်။ ငယ်လေးတို့ ရွေ့လျား ပစ်မှတ်တွေနဲ့ ကစားကြစို့..."

"ရွေ့လျား ပစ်မှတ် ဆိုတော့ ငယ်လေးက မြင်းစီး ကျွမ်းကျင်ပြီလား။ နောင်ကြီး စိတ်ပူပါရဲ့..။ မဖြစ်ချေဘူး..."

"ဟာ.. နောင်ကြီးကလည်း။ ငယ်လေးကို အထင်သေးဝံ့တယ်ပေါ့လေ။ ဟုတ်စ.."

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Where stories live. Discover now