~37~

599 57 3
                                    

#Unicode

"အရှင်မင်းကြီး ..!! ကျွန်တော်မျိုးတို့ မရှုံးသေးဘူး....!!"

အော်ဟစ်သောင်းကျန်းကာ ထွက်ခွါသွားသော အမတ်ကြီးအား ငေးကြည့်နေမိကြသည်မှာ အချိန်အတော်ကြာသည်အထိပင်။ ထိုအမတ်ကြီးအနေနှင့် မသေချာပဲ မဟစ်ကြွေးဝံ့ပါချေ။

"ညီလာခံ ရုတ်သိမ်းစေ....!!!"

"အမိန့်တော်မြတ် အတိုင်းပါဘုရား...!!"

အမတ်ကြီးများထွက်သွားသည်အထိ မတ်တပ်ရပ်ကာစောင့်နေသော ငယ်လေးသည်ကား လူကုန်သွားသည်နှင့် အနည်းငယ် ယိုင်သွားချေ၏။ထိုအခါမှ နောင်တော်ရှားသည်ကား ထိန်းချုပ်ထားသော စိတ်အစဥ်ကို လွတ်မြောက်စေလိုက်ကာ ငယ်လေးထံ ပြေးသွားခဲ့သည်။

ငယ်လေးသည်ကား အတော် အားအင်ချိနဲ့နေသယောင်ပင်။ မျက်နှာသည်ကား ဖြူဖျော့နေ၏။ မတ်တပ်ရပ်ရန်ပင် အနိုင်နိုင်ဖြစ်နေရှာသည်။ ချောင်းလည်းဆိုးနေ၏။

"အရှင်...!!"

"ငယ်လေး လို့ခေါ်ပါ။ ဘယ်သူမှ မရှိတော့ဘူးမလား..."

"ငယ်လေး..!! အဆင်ပြေရဲ့လား။ ဟန်ဆောင်ပြီး ချောင်းဆိုးနေတယ်မှတ်နေတာ...။ အဆင်​ပြေရဲ့လား...

အနားယူပါဦးလို့ ဆိုသားပဲ ကလေးငယ်...!!"

"တို့လည်း နားချတာပဲ။ နားမဝင်ချေဘူး။ ဒီအမတ်ယုတ်တွေကို အပြစ်ပေးဖို့ပဲ ခေါင်းထဲရှိနေပုံရတယ်...."

"ကောင်းကောင်းအနားယူစမ်းပါလေ ကလေးငယ်။ ကိုယ့်ကိုယ်ကို တွန်းအားတွေ မပေးစမ်းပါနဲ့ ...."

"ဒီအမတ်ကြီးတွေရှိနေသ၍ တိုင်းပြည်ကြီးက သူတို့လက်ထဲက ရေလေးသဖွယ်ဖြစ်နေချေမှာ။ ဘုရင်ဖြစ်တဲ့ ငယ်လေးက ထိုင်ကြည့်နေရမတဲ့လား..."

"သို့ပေသိ ကျန်းမာရေးကိုတော့ ဂရုစိုက်ဦးမှပေါ့ ကလေးငယ်..."

နောင်တော်ရှားသည်ကား ငယ်လေး၏ ခန္တာကိုယ်လေးအား ထိန်းကိုင်ထားပေးကာ မှီထားစေ၏။ နှုတ်မှလည်း တတွတ်တွတ်ရွတ်ဆိုရင်း ဆူပူနေရှာသည်။ ဤသည်ကိုပင် ရင်ခွင်ထဲမှ ကလေးငယ်က အသာရယ်ချေသေး၏။

မဘုရားကမူ သူ၏ မောင်ငယ်လေးအား စိတ်ပူပန်စွာ ကြည့်နေလေသည်။ လက်ချောင်းသွယ်သွယ်တို့ကလည်း နဖူးထက်တွင် စို့နေသော ချွေးစလေးများအား ပုဝါလေးဖြင့် အသာသုတ်ပေးနေ၏။

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Where stories live. Discover now