#Unicode
ဘွားလေးနှင့် စကားပြောပြီးသည်နှင့် အခန်းထဲသို့သာ တန်းတန်းမတ်မတ်ဝင်လာလိုက်မိသည်။ ဝရံတာ တံခါးအား ဖွင့်ထားလိုက်ကာ ခန်းဆီးစကိုလည်း ဖွင့်လှစ်ထားမိ၏။ ကုတင်ပေါ်သို့ မှီကာ ထိုင်ရင်း ကျောက်စိမ်းပြားလေးကိုကြည့်ကာ အတွေးရေယာဥ်၌ နစ်မြောနေမိသည်။
ခဏအကြာ လေပြင်းတစ်ချက် တိုက်ခတ်လိုက်မှုနှင့်အတူ ခန်းဆီးစများ လှုပ်ခါသွားခဲ့သည်။ မကြာပါ။ ထင်သည့်အတိုင်းပင် သွေး သည်ကား အခန်းထဲသို့ တစ်လှမ်းချင်းလျှောက်ကာ ဝင်လာခဲ့သည်။
"အိပ်ပြီလား..."
အသံသည်ကား အေးစက်နေဆဲ။ အခန်းထဲရောက်သည်နှင့် စားပွဲပေါ်သို့ တင်ပလွှဲထိုင်ကာ လက်ချောင်းသွယ်သွယ်ကလေးများဖြင့် ပစ္စည်းများအား ဟိုထိဒီထိ လိုက်ထိကြည့်နေ၏။
ကျွန်တော်သည်ကား ဤမြင်ကွင်းလေးကိုပင် သတိလက်လွတ်ငေးမောကာ ကြည့်နေမိသည်။ ထို့နောက်တွင်မူ မထင်မှတ်ပဲ အကြည့်တို့အား ကြမ်းပြင်သို့ လွှဲလိုက်မိ၏။
"သွေး..!!!"
ထိုကောင်လေးသည်ကား မည်သည်ကိုမျှ ဂရုမစိုက်သည့်နှယ် စာအုပ်တစ်အုပ်အား ယူလိုက်ကာ စာရွက်များအား အဓိပ္ပါယ်မရှိ လှန်လှောကြည့်နေ၏။ နှုတ်ခမ်းပါးတို့သည်ကား ခပ်တင်းတင်းစေ့ပိတ်လျက်။ တဖျတ်ဖျတ်ခတ်နေသော မျက်တောင်လေးများက နာကျင်မှုများ ထမ်းပိုးထားရသယောင်ယောင်....
ကြမ်းပြင်၌မူ ထိုကောင်လေး လျှောက်လှမ်းလာစဥ်က ကျန်ရစ်ခဲ့သော သွေးကွက်များ။ တစ်နည်းအားဖြင့် သွေးများစွန်းထင်းနေသော ခြေရာများ။ သူ၏ ခြေဖဝါးများထံမှ သွေးများ စိမ့်ထွက်နေသည်လေ....
သို့သော် ထိုကောင်လေးသည်ကား ဂရုမစိုက်။ နေမြဲအတိုင်းသာ နေနေလေ၏။
"သွေး.. မင်းရဲ့ ခြေထောက်က..."
"အင်း... ငါ့ အချိန်က သိပ်မကျန်တော့ဘူးဆိုတာ သိနေတယ်မလား။ ဝိဥာဥ်စွမ်းအားလည်း လျော့နည်းလာသလို နာကျင်မှုတွေလည်း ခံစားလာရပြီ....
ဒဏ်ရါတွေကလည်း အရင်လို ပျောက်မသွားတော့ဘူး..."
ထို့နောက် စိတ်မပါပဲ ဖတ်ချင်ယောင်ဆောင်နေသော စာအုပ်လေးအား ဘေးသို့ချလိုက်၏။ ထို့နောက် ထိုင်နေသော စားပွဲပေါ်သို့ လက်နောက်ပြန်ထောက်လိုက်ကာ အပြင်ဘက်မှ ကောင်းကင်ကြီးအား ငေးမောနေလေ၏။
YOU ARE READING
ရင်ကိုစိုက်သော ဆူး {Unicode}+{Zawgyi}
Fantasyကိုယ့်ရဲ့ ရှင်သန်ခြင်း၊သေဆုံးခြင်းက မင်းနဲ့သက်ဆိုင်နေတယ်ဆိုရင်ကိုယ်က မင်းအတွက်ဆူး ပဲ..။ ဆူးတောင်ရိုးရိုး ဆူး မဟုတ်ခဲ့ဘူး...။ ရင်ကို စိုက်မယ့်ဆူး... Alert🔔{ ဤ ဝတ္ထုပါ အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသက်သက်မျှသာဖြစ်ပါသည်။ မည်သည့်...