~33~

692 64 2
                                    

#Unicode

မှောင်မိုက်နေသော ကောင်းကင်ကြီးအလယ် လခြမ်းကွေးလေးကသာ လောကကြီးအား အလင်းဆောင်ပေးနေ၏။ လေနတ်သားသည်ကလည်း လေအား ခပ်ဖြည်းဖြည်းသာ တိုက်ခတ်စေ၏။ ပတ်ဝန်းကျင်တစ်ခုလုံးကမူ တိတ်ဆိတ်ငြိမ်သက်လျက်။

ထိုသို့ မှောင်မိုက်နေသော ညတစ်ည၌ အနက်ရောင်ဝတ်စုံများဝတ်ဆင်ထားသော လူငယ်လေးယောက်သည်ကား တောနက်ရှိ အိမ်အိုလေးထံသို့ တိတ်တဆိတ်ချဥ်းကပ်လာခဲ့၏။

အိမ်အိုလေး၏ အရှေ့၌မူ အစောင့်စစ်သည်နှစ်ယောက်သာရှိ၏။ မဘုရားတို့ ယနေ့လှုပ်ရှားမည်အား ထင်မှတ်ထားကြဟန်မရှိချေ။ ပေါ့ပေါ့ဆဆသာ နေနေကြ၏။ အချိန်အတော်ကြာ ငြိမ်သက်နေခဲ့မိ၍လည်း ပါမည်ထင်ပါသည်။ မဘုရားတို့အနေနှင့် ဆေးရွက်များ ခိုးယူခဲ့စဥ်ကသာ လျှို့ဝှက်နေရာအား သိရှိခဲ့​သည်ဟုထင်မှတ်ပြီး ဤပြောင်းရွှေ့ထားသည့်နေရာအား သိရှိနေခြင်းကိုမူ သတိထားမိဟန်မတူ။

ထို့ကြောင့် အလွယ်တကူနှင့်ပင် ထိုစစ်သည်နှစ်ဦးအား အနိုင်ယူနိုင်ခဲ့သည်။ အပြင်၌ ဆူညံသံကြားသည်ကြောင့် အထဲမှ အလန့်တကြား အော်သံသည်ကား ခပ်တိုးတိုးပေါ်ပေါက်လာခဲ့၏။

အံ့သြသွားသော လူလေးယောက်သည်ကား ခေါင်းအသာ ငြိမ့်ပြရင်း တံခါးအား အသာတွန်းကာ ဝင်သွားမိတော့ သားငယ်ကို ကိုယ်နှင့်ကာပေးရင်း ကွယ်ဝှက်ထားပေးသော မိန်းကလေးတစ်ယောက်အား တွေ့ရ၏။ သားငယ်ကို ချစ်မြတ်နိုးသော မိခင်က သားငယ်ထိခိုက်မည်စိုးသည်ကြောင့် ကိုယ်နှင့်ရင်းကာ ကာကွယ်ပေးထား၏။

လက်ကို တိုင်၌ နောက်ပြန်တုပ်ထားသည့်အပြင် ခြေထောက်တွင်ပါ ကြိုးများဖြင့် တုပ်ထားသည်ကြောင့် မည်သို့မျှ လွတ်လမ်းရှာမရနိုင်ဖြစ်နေခဲ့သည့်ပုံပင်။

မဘုရားတို့အား မြင်ချေတော့ အန္တရာယ်ပေးမည်ကိုစိုးကာ သားငယ်ကိုကာကွယ်ပေးရင်း တုန်ရီနေရှာ၏။

"ကလေးက ဘာမှမသိပါဘူးရှင်။ ဘာအပြစ်မှလည်းမရှိရှာပါဘူး။ ကလေးကို လွှတ်ပေးပါ။ ကျွန်မကိုသာ သတ်ချင်သတ်ပါရှင်။ ကလေးကိုတော့ လွှတ်ပေးပါ..."

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Where stories live. Discover now