~14~

995 107 11
                                    

#Unicode

အပြင်လှည့်ပတ်၍ ပြီးကြသော် ပြန်ကြရန်ပြင်ကြ၏။

သုံးယောက်သား စကားတပြောပြောဖြင့် စလိုက်နောက်လိုက် လုပ်ကာ ပြန်နေကြသော်လည်း ငယ်လေးသည်ကား စကားဝိုင်းထဲ၌ အာရုံမရှိချေ။

တစ်ချက်တစ်ချက် ဝင်ဝင်ပြောနေပါသော်လည်း အကြည့်တို့မူကား လမ်းတစ်လျှောက်မှ ဆေးဆိုင်များတွင်သာရှိနေချေ၏။

"နောင်ကြီး ဟိုးက ဆေးဆိုင်ကိုခဏဝင်ကြည့်ရအောင်..."

"ဘာလို့လဲ မောင်ငယ်၊ နေထိုင်မကောင်းလို့လား..."

"မဟုတ်ပါဘူး။ မောင်ငယ် မေးချင်တာလေးရှိလို့..."

"ကောင်းပြီလေ၊ ဝင်ကြစို့..."

"သွားစို့ နောင်ကြီး..."

ငယ်လေးက ကျွန်တော့်အား ခေါ်တော့ ခေါင်းတစ်ချက်ငြိမ့်ပြပြီး သူ့နောက်လိုက်ခဲ့လိုက်သည်။

ဆိုင်ထဲရောက်တော့ ငယ်လေးသည်ကား ဆေးရွက်ခြောက်တစ်ချို့ကို ကိုင်ကြည့်နေချေ၏။

ထိုဆေးရွက်များအား မြင်ဖူးသလိုရှိနေသော်လည်း မသဲကွဲနေ၍ စဥ်းစားရင်း အသာရပ်ကြည့်နေလိုက်သည်။

"လူလေးက ဘာလိုချင်လို့လဲကွဲ့..."

"သြော် .. အဘ၊ ကျွန်တော် ဒီဆေးရွက်လေးလိုချင်လို့။ ဘယ်လောက်ဈေးရှိလဲ..."

"ဒီ ဆေးရွက်လေးတွေက ဈေးတော့နည်းနည်းကြီးမယ် လူလေးရဲ့။ ပစ္စည်းလည်း ပြတ် ၊ အဝယ်လည်း များနေလို့..."

"ပစ္စည်းပြတ်တယ် ၊ ဟုတ်စ၊ အဘ..."

"ဟုတ်ပ လူလေးရယ်။ ပုံမှန်ဆို ဈေးသိပ်မရှိသော်ငြား ခုတလော ဘယ်၍ဘယ်နှယ် ရှိတယ်မသိဘူး၊ ဝယ်ယူလို့ကို မရတာကွဲ့...

ဘယ်အဝယ်တော်ဆီ မေးမေး၊ ကုန်နေပြီပဲဆိုနေတယ်...

ပြီးတော့ အခုတလော ဘာလို့ရယ်မသိဘူး လူလေးရယ်၊ ဒီဆေးရွက်တွေချည်းလာဝယ်နေကြတော့တာပါပဲ..."

"ဟုတ်လား အဘ၊ ပုံမှန်ဆို သိပ်ဝယ်လေ့မရှိဘူးပေါ့နော်..."

"မှန်ပ လူလေးရယ်။ ဒီဆေးရွက်က ဝမ်းပျက်၊ ဝမ်းနာ တွေအတွက် အထူးသင့်လျော်တဲ့ ဆေးရွက်ကွဲ့...

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Where stories live. Discover now