#Unicode
စစ်မက်ရေးရာ အမတ်ကြီး၏ အိမ်တော်၌မူ အိမ်ရှေ့စံသည်ကား အခါးရည်အား ခပ်ဖြည်းဖြည်းသောက်ကာ သက်တောင့်သက်သာ ထိုင်နေ၏။ ပူပန်ခြင်း အလျဥ်းမရှိပဲ စိတ်အေးလက်အေး ထိုင်နေသည်ကြောင့် အမတ်ကြီးသည်မှာလည်း စိတ်အေးလျက်ရှိ၏။
"အိမ်ရှေ့စံ ! အရာရာ အဆင်ပြေတယ်မဟုတ်လ ဘုရား..."
"ဒါပေါ့။ အားလုံး အဆင်ပြေနေပါတယ်။ အမတ်ကြီး စိတ်ပူစရာ မလိုပါဘူး..."
"ကောင်းပြီ။ နယ်စပ်က ရဲမက်တွေရဲ့အခြေအနေကရော..."
"အင်အားနည်းနေပါတယ်။ အမတ်ကြီးတို့ စီစဥ်ထားတဲ့အတိုင်းပါပဲ..."
"အခုတလော အရှင်မင်းကြီးကို ကြည့်ရတာ အခြေအနေဆိုးလာပြီ။ ချောင်းလည်း ခဏခဏဆိုးနေတယ်...
ကြည့်ရတာ ဆေးစွမ်းပြပြီ ထင်ပါ့..."
"အမှန်ပဲ။ ဒီတော့ အမတ်ကြီး ဘာဆက်လုပ်မယ်လို့ ကြံရွယ်ထားသလဲ..."
"အားလုံးက အဆင်သင့်ဖြစ်နေချေပြီပဲ။ ဒီနေ့ညပဲ နယ်စပ်ဂိတ်ကို ဖွင့်ပေးလိုက်တော့ အိမ်ရှေ့စံ..."
"ကောင်းပြီ...!!"
"မထင်ထားဘူး။ အိမ်ရှေ့စံက အားတက်သရော ကူညီသားပဲ..."
"ကျုပ်ပြောပြီးပြီပဲ။ ကျုပ်ပိုင်ဆိုင်တာကို ကျုပ်ပြန်ယူမှာပါလို့..."
"သင့်မြတ်ကြောင်းပါ အိမ်ရှေ့စံ။ မကြာခင် မျှော်လင့်ထားသမျှ ဖြစ်ပေါ်လာတော့မှာပါ.."
"ကျိန်းသေ ဖြစ်လာရချေမှာပေါ့။ သောက်ပါဦး အမတ်ကြီး..."
"ကောင်းပါပြီ။ အိမ်ရှေ့စံအတွက် ကြိုတင် ဂုဏ်ပြုကြောင်းပါ..."
ထိုစကားကြားသော် အိမ်ရှေ့စံက နှုတ်ခမ်းလေး တွန့်ကွေးရုံမျှ ရယ်၏။ ထို့နောက် အခါးရည်ကိုသာ ခပ်ဖြည်းဖြည်း သောက်နေချေသည်။ တည်ငြိမ်လှသော အိမ်ရှေ့စံ၏ အမူအရာအား အမတ်ကြီးတစ်ယောက် အဓိပ္ပါယ် ဖော်မရချေ။
လူမှားရွေးမိပြီလားဟု ထင်လိုက်မိသော်လည်း ဖြစ်ပျက်သမျှသော အခြေအနေတို့သည်ကား အဆင်ချောနေသည်ကြောင့် အတွေးတို့အား မောင်းထုတ်လိုက်မိသည်။ ထို့နောက် အိမ်ရှေ့စံကိုသာ ဧည့်ဝတ်ကျေအောင် ဧည့်ခံပေးနေ၏။
YOU ARE READING
ရင်ကိုစိုက်သော ဆူး {Unicode}+{Zawgyi}
Fantasyကိုယ့်ရဲ့ ရှင်သန်ခြင်း၊သေဆုံးခြင်းက မင်းနဲ့သက်ဆိုင်နေတယ်ဆိုရင်ကိုယ်က မင်းအတွက်ဆူး ပဲ..။ ဆူးတောင်ရိုးရိုး ဆူး မဟုတ်ခဲ့ဘူး...။ ရင်ကို စိုက်မယ့်ဆူး... Alert🔔{ ဤ ဝတ္ထုပါ အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသက်သက်မျှသာဖြစ်ပါသည်။ မည်သည့်...