~17~

853 80 2
                                    

#Unicode

မောင်ငယ်၏ အကြံပေးချက်ကြောင့် သုံးယောက်သား ခေါင်းပြိုင်တူငြိမ့်ပြကာ နောက်မှ အသာလိုက်ချောင်းခဲ့ကြသည်။

ရဲမာန်သည်မှာလည်း အကင်းပါးသူတစ်ယောက်ဖြစ်သူ မို့ သတိမထားမိသွားအောင် ကြိုးစားရသည်။

ရဲမာန်သည်မှာလည်း လျင်သည်။ ဟိုဒီ အရိပ်အယောင်စောင့်ကြည့်ပြီးမှ ခပ်သွက်သွက်သွားသည်။

နောက်က လိုက်ရင်းနှင့်ပင် မြို့စွန်သို့ တဖြည်းဖြည်းရောက်လာခဲ့၏။

သုံးယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပဟေဠိအား ပုံဖော်နေမိကြသည်။

"သူ ဒီအထိ ဘာလာလုပ်ပါလိမ့် အမောင်..."

"ကျွန်တော်မျိုးလည်း မတွေးတတ်ဘူး မင်းသမီးလေး..."

"ဒီနေရာမှာ အများဆုံး ရှိတာက ပန်းပဲဖိုတွေပဲ မဘုရား..."

"ပန်းပဲဖို၊ ဟုတ်စ။ သူ က ဒီ ပန်းပဲဖိုကိုဘာလာလုပ်တာလဲ..."

"ပန်းပဲဖိုကို လာစရာအကြောင်းအရင်းက တစ်ခုသာရှိတယ် မဘုရား။ ကောင်းသောရည်ရွက်ချက်သာ ဖြစ်ဖို့မျှော်လင့်ကြရမှာ..."

သုံးယောက်သား အကွယ် တစ်နေရာမှ ချောင်းကြည့်နေစဥ် ရဲမာန်သည်ကား ပန်းပဲဆရာတစ်ဦးအား တွေ့ဆုံချေ၏။

"သူက ဘယ်သူလဲ..."

"ဒီမြို့ရဲ့ အတော်ဆုံး ပန်းပဲဆရာ။ တော်ရုံလူနဲ့တော့ အလုပ်လက်မခံတဲ့လူမျိုးပေါ့.."

ထို့နောက် ရဲမာန်နှင့် ပန်းပဲဆရာတို့ တီးတိုးပြောဆိုနေကြသည်ကိုသာ အသာ ချောင်းကြည့်နေခဲ့ကြသည်။

ချောင်းကြည့်နေတုန်း ရဲမာန်သည်ကား ဒီဘက်လှည့်လာသည်ကြောင့် အမြန်ပြန်ပုန်းလိုက်ရသည်။

ထိုအခါ ပန်းပဲဆရာကြီးထံပြန်လှည့်သွားကာ တိတ်တဆိတ် မှာကြားနေပြန်၏။ လေးနက်သည့် အမူအရာကြောင့် မသင်္ကာမိသည်ကတော့ အမှန်ပင်...

ထို့နောက် ဟိုဒီ အကဲခတ်ကာ ခပ်သုတ်သုတ်ပြန်သွားသည့် ရဲမာန်ကြောင့် ငယ်လေးတို့သည်သာ ပဟေဠိများဖြင့် ကျန်ရစ်နေခဲ့သည်။

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Where stories live. Discover now