~47~

901 72 11
                                    

#Unicode

ယနေ့၌မူ ရာသီဥတုသည်ကား သာယာလျက်ရှိ၏။ မပူမပြင်းလွန်းသော နေမင်းကြီးအား တိမ်စိုင်တိမ်တိုက်တို့က ကျီစယ်လျက်ရှိသည်။ လေနုအေးလေး၏ ကျီစယ်မှုကြောင့် ခပ်အေးအေး လေညှင်းလေးသည်ကား တိုက်ခတ်လျက်ရှိသေးသည်။

အခန်းထဲ၌မူ ရှားက အပြင်သွားရန် ပြင်ဆင်နေလေသည်။ တီရှပ်အဖြူလေးအား ဝတ်ဆင်ထားလျက် အပေါ်မှ ရှပ်အင်္ကျီ အပြာနုနုလေးအား ဝတ်ဆင်ထား၏။ လက်ကို တံတောင်ဆစ်အထိခေါင်တင်ထားသည့်အပြင် ဂျင်းဘောင်းဘီအနက် အား တွဲဖက်ဝတ်ဆင်ထားသေးသည်။

ထို့ပြင် ဦးထုပ် အနက်ရောင်လေးအား ဆောင်းထားသေးသည်။ နဂိုကတည်းကပင် ဖြူဖျော့နေသည့်အသားအရေကြောင့် ဤသို့ဤနှယ်တွဲဖက်ဝတ်ဆင်လိုက်သည့်အခါ မျက်စိထဲ၌ လှရက်နေလွန်းသည်။ ကျောပိုးအိတ်လေး လွယ်ထားသည်ကြောင့် ခရီးထွက်ရန် အသင့်ဖြစ်နေသည့်ပုံပင်....

"မြေးငယ် ဘယ်သွားမလို့လဲ..."

"မန္တလေး သွားလည်မလို့ ဘွားလေး..."

"တစ်ယောက်တည်းလား။ ဘွားလေး လူထည့်ပေးလိုက်မယ်လေ မြေးငယ်..."

"ရတယ် ဘွားလေး။ ကျွန်တော်....

ကျွန်တော် သွေးနဲ့သွားမှာ..."

"သြော်..."

"ဟုတ်ကဲ့..."

"ကောင်းပြီ။ ဂရုစိုက်ကြနော်။ ပျော်ပျော်လည်ခဲ့ကြ ကြားလား..."

"ဟုတ်ကဲ့..."

ဘွားလေး ထွက်သွားမှ ယူစရာရှိသည်တို့အား ယူကာအပြင်ထွက်လာခဲ့မိသည်။ သို့သော် သွေး သည်ငြား ယခုတိုင်ရောက်မလာသေး။ ထို့ကြောင့် ကားအဖုံးအား မှီကာ လက်ပိုက်လျက် စောင့်ဆိုင်းနေမိသည်။

ရာသီဥတုသာယာနေသည်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးအား ငေးကြည့်နေမိသည်။ ခပ်စူးစူး နေရောင်ခြည်လေးသည်မှာလည်း လူကို ကျီစယ်နေသယောင်ယောင်။ သစ်ပင်များပေါ်၌မူ ငှက်ကလေးများက တကျိကျိအော်နေကြသေး၏။

ငေးမောနေစဥ်မှာပင် မြင်ကွင်းထဲသို့ ဖြူဖြူဖွေးဖွေးကောင်လေးတစ်ယောက်ပေါ်ထွက်လာခဲ့သည်။ တီရှပ်အဖြူလေးအား ခံဝတ်ထကာ အပေါ်မှ အဝါရောင်တီရှပ်လက်တိုလေးအား ထပ်ဝတ်ထား၏။ ထို့နောက်မူ ဘောင်းဘီအဖြူရောင် အတိုလေးအား ဝတ်ဆင်ထားကာ ရှူးဖိနပ်လေး စီးထားလေ၏။

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Where stories live. Discover now