~6~

2K 194 3
                                    

{Unicode}

သွေး တစ်ယောက် ခံရခက်လှစွာသော ခံစားမှုများစွာအား ဒူးထောက်ကျသွားသည်အထိ ကျိတ်ခံနေရသည်။

ထို့အပြင် ဝိဥာဥ်စွမ်းအားပါ လျော့နည်းလာသလို ခံစားလာမိသည်။

ဘေးမှ ရပ်ကြည့်နေမိသူ ရှားသည်ကား ရုတ်တရက် သတိကပ်သွားမိရင်း သွေး ထံပြေးသွား၏။

"ရင်နင့်သွေး... မင်းအဆင်ပြေရဲ့လား..

ဘာဖြစ်တာလဲ။ အဆင်ပြေရဲ့လား... သွေး..!"

မေးနေရင်းနဲ့မှ သွေး ၏ ဝိဥာဥ်သည်ကား မှိန်ဖျော့လာခဲ့သည်။ ရှား တစ်ယောက် လန့်သွားမိရင်း...

"သွေး..!!! ဘာဖြစ်တာလဲ.."

ရှား အလန့်တကြားအော်နေပါသော်လည်း သွေး တစ်ယောက် သဲကွဲစွာ ကြားနိုင်စွမ်းမရှိပါ။ အချိန်အတော်ကြာ ခံစားပြီးသည့်နောက်မှာတော့ ဝေဒနာများ တဖြည်းဖြည်းချင်းသက်သာလာခဲ့၏။

မှိန်ဖျော့နေသော ဝိဥာဥ်သည်မှာလည်း မူလ အရောင်အတိုင်း တဖြည်းဖြည်းချင်းပြောင်းလဲလာခဲ့သည်။

အရာအားလုံး ပုံမှန်ဖြစ်သွားချိန်မှာတော့ Senpai အား မတွေ့ရတော့။ စိတ်ပူနေသည့်မျက်နှာထားဖြင့် ဒူးတစ်ဖက်ထောက်ထားရင်း ကျွန်တော့်လက်မောင်းတစ်ဖက်အား စိုးရိမ်တကြီး ကိုင်ထားသော ရှား ကိုသာမြင်ရသည်။

ထို့အတူ ကျွန်တော့်ရှေ့တွင် အရာရာကိုနားမလည်နိုင်စွာ ထိုင်ကြည့်နေပါသော ကောင်မလေး တစ်ယောက်....

"သက်သာသွားပြီလား...."

"အင်း...."

"မင်းတို့ သေမင်း တွေကလည်း ခံစားမှုရှိတာပဲလား..."

"အရင်ကမရှိဘူး။ အခုတလောမှ ခံစားလာရတာ..."

"ဘာလို့လဲ..."

"ငါလည်း အဲ့တာကို သိချင်နေတာ..."

စကားတွေပြောပြီးမှ နှစ်ယောက်သား ဆွေး ကိုသတိထားမိသွားသည်။ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် အကြောင်သားထိုင်ကြည့်နေသည့် ဆွေး ကိုမြင်တော့ နှစ်ယောက်သား အသီးသီး မျက်နှာလွှဲမိကြ၏။

သူတို့ ဆွေး ကိုမေ့နေကြသည်လေ...

"ဒီက အကိုက ဘယ်ကနေရောက်လာတာလဲဟင်...."

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Where stories live. Discover now