~5~

2K 140 2
                                    

{Unicode}

"ရှား...!!"

"....."

အော်သံကြောင့် အပြင်သို့တည်ငြိမ်စွာငေးနေသော ရှား က အော်သံရှိရာသို့ ခပ်ဖြည်းဖြည်းလှည့်လာသည်။

ရှား ကြည့်ရာ နေရာသို့ လှမ်းကြည့်လိုက်မိတော့ ဝင်ပေါက်တွင် ဝမ်းသာလွန်းလှစွာသော မျက်နှာဖြင့် အံ့သြစွာ ရပ်ကြည့်နေပါသော ကောင်မလေးတစ်ယောက်....

ကျောင်း ယူနီဖောင်း အပြည့်အစုံကို သပ်ရပ်စွာဝတ်ထားရင်း ဆံပင်ရှည်လေးကိုမူ နှစ်ဖက် ခွဲကာ စည်းထား၏။

ကျောပိုးအိတ်လေးလွယ်ကာ မျက်လုံးများ အရောက်လက်လျက် ကြည့်နေပုံက ဖြူစင်လွန်းလှစွာ....

ထို့နောက် ထိုကလေးမလေးက ကျွန်တော်တို့ရှိရာသို့ အပြေးတစ်ပိုင်း ရောက်လာချေ၏။

"ရှား...၊ နင်.. နင်.. ပြန်လာပြီနော်....။ နေကောင်းသွားပြီလား...

ဘာလို့ ထပ်လုပ်ရပြန်တာလဲဟာ..."

"....."

"နင်ပင်ပန်းလာရင် ငါကူညီမယ်လို့ပြောထားသားပဲ...

နင် ငါ့စကားကို အရေးမလုပ်တာလားပြော.."

ဒီကောင်မလေးက ဘယ်သူဘယ်ဝါမှန်းမသိသော်လည်း သူ့စကားကိုတော့ဖြင့် ကျွန်တော်ရယ်ချင်မိပါသည်။

~~ဒီကောင်လေးက ဘယ်သူ့စကားကိုမှ အရေးလုပ်တာမဟုတ်ဘူးလေ....~~

ထိုကောင်မလေးသည်ကား စကားပြောနေရင်း ခုံဘေးစွန်းအား မမှတ်မသုန် စိုက်ကြည့်နေသေး၏။

"......."

ရှား တစ်ယောက် ဆက်တိုက်ဆိုလာသော စကားများကို မမှိတ်မသုန် နားထောင်နေ၏။ ပြီးမှ ငေးလက်စ ပြူတင်းပေါက်လေးထံ ပြန်လှည့်သွားခဲ့သည်။

"ရှား...."

ထပ်မံခေါ်လာသည့် စကားသံကြောင့် လှည့်ကြည့်လိုက်ချိန်မှာတော့ ဘေးတွင် ထိုင်နေပါသော ကောင်လေးမှာ မရှိတော့ချေ။

ရှား မျက်ခုံးများ တွန့်ချိုးလိုက်မိသည်။

မပြောမဆို ရောက်လာတတ်ပြီး၊ မပြောမဆို ပျောက်ပျောက် သွားတတ်သည့် အနှီကောင်လေးအား ကျွန်တော် သိပ်သဘောမကျမိသည်ကတော့အမှန်....

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Where stories live. Discover now