~7~

1.5K 153 2
                                    

#Unicode

ခမ်းနားလှစွာသော ရုံးခန်းကြီးတစ်ခု...

နံရံပတ်ပတ်လည် စာအုပ်စင်များအား အပြည့် တပ်ဆင်ထားပြီး ​ခမ်းနားသည့်ကြောင်လှိမ်လှေကားကြီး ကလည်း ထို စာအုပ်စင်များထံသို့ လာရောက်ရန် ဖိတ်ခေါ်လျက်ရှိ၏။

နံရံပတ်ပတ်လည်မှ စာအုပ်စင်များတွင်မူ ပေလိပ်များ၊ စာရွက်များ၊ စာအုပ်ထူကြီးများ၊ ရှေးဟောင်း စာအုပ်ကလေးများ စီစီရီရီ ထားထား၏။

ထို့ပြင် တစ်ချို့နေရာများတွင်မူ ဂန္တဝင်ဆန်လှသည့် သေတ္တာကလေးများ ၊ ဘူးကလေးများမှာလည်း ဝံ့ဝံ့ထည်ထည် ရပ်တည်လျက်ရှိသေးသည်။

ထို ရပ်သပ်ရှုမောဖွယ် အခန်းကြီး၏ အလည်၊ ကြောင်လိမ်လှေကားကြီးရဲ့ အနောက်ဖက်တွင်မူ ဟိတ်ဟန်အပြည့်ရှိလှသည့် စားပွဲတစ်လုံးနှင့် ထိုင်ခုံတစ်လုံး။

စားပွဲပေါ်တွင်မူ စာရွက်များ၊ ပေလိပ်များအပြင် မှင်အိုးကလေးနှင့် ငှက်မွှေးတစ်ခုသည်လည်း သပ်ရပ်စွာ တင်ထားသေး၏။

ထိုနေရာတွင် အေးအေးလူလူထိုင်ရင်း လုပ်စရာရှိသည်တို့အား လုပ်ကိုင်နေသည်ကား Senpai...

"သတိပေးထားရက်နဲ့ တဇွတ်ထိုး လုပ်လာပြန်ပြီလား..."

"....."

မေးသည့်မေးခွန်းအား ပြန်လည်တုံ့ပြန်ခြင်းမပြုပဲ သူ့ရဲ့ လက်ကလေးကိုသာ ရှေ့လှန်နောက်လှန် လုပ်ရင်း စိုက်ကြည့်နေသော သွေး...

ကြောင်လိမ်လှေကားကြီး၏ လက်ရမ်းအား မှီကာ ထိုင်ရင်း လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထဲထည့်ကာ ကျန်တစ်ဖက်ကိုသာ စူးစိုက်ကြည့်နေ၏။

"သွေး..!!"

"ကျွန်တော်တောင် မသိလိုက်ပဲ ဝင်ရှုပ်လိုက်မိတယ်...

ကျွန်တော် မဟုတ်လိုက်သလိုပဲ..."

"သတိထား သွေး၊ မင်းဝိဥာဥ် ပျက်စီးသွားလိမ့်မယ်..."

"....."

ထို့နောက် စူးစိုက်ကြည့်နေသော လက်ဖဝါးလေးအား ဖြန့်လိုက်ပြီး လက်ချောင်းသွယ်သွယ်တို့အား နှစ်ချက်မျှ လှုပ်ရှားလိုက်စေ၏။

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Where stories live. Discover now