~40~

782 65 2
                                    

#Unicode

"ကျွန်တော်မျိုး ထိုကလေးမနဲ့တူ တစ်ဖက်ရန်သူဆီ သွားခဲ့ရိုး အမှန်ပါ အရှင်မင်းကြီး...

ကျွန်တော်မျိုး ရန်သူ့နယ်နမိတ်ဆီ သွားခဲ့ကြောင်းပါ...ဘုရား...!!"

"ဘယ်လို...!!!"

ငယ်လေးသည်ကား မယုံကြည်နိုင်ဖြစ်နေပုံရသည်။ မဟုတ်။ လုံးဝကို မယုံကြည်ရန် ဆုံးဖြတ်ထားပုံရ၏။ နောင်တော်၏ အငြင်းစကားတစ်ခွန်းသာ ကြားရပါလျှင် အဆုံးထိ ကာကွယ်ပေးသွားရန် ဆုံးဖြတ်ထားပုံရသည်။

သို့သော် မဘုရား၏ အမူအရာ အရ ဖြေဆေးသည်ကား ယခုတိုင်မရသေးသည့်ပုံပင်။ ကလေးငယ်၏ မျက်နှာသည်မှာလည်း ယခင်ထက်ပင် ပို၍ ဖြူဖျော့နေသည်။ မတ်တပ်ရပ်သည်ကိုပင် သူ၏ မဘုရားက ထိန်းကာ ကိုင်ထားပေးရ၏။

အမတ်ကြီးများ၏ ရွေးချယ်ခွင့်ပေးသည့်ပွဲသည်ကား ဤပွဲပင်။ ကလေးငယ်သည်ကား အဆိပ်မိထားသည်မှာ အချိန် အတော်ကြာနေပေပြီ။ ယခုအချိန်မှ ဖြေဆေးမရပါလျှင် အသက်အန္တရာယ် ထိခိုက်နိုင်သည်။

ငယ်လေး၏ အမေးအား အမှန်အတိုင်း ဖြေဆိုမိခဲ့ပါလျှင် ငယ်လေးသည်ကား သူ့အသက်ကို မမှုပဲ ပြဿနာကို ဖြေရှင်းရန် ကြိုးစားပေလိမ့်မည်။

နောင်ကြီးဟု ခေါ်ကာ ရင်ခွင်ထဲ ပြေးဝင်လာချိန်မှစ၍ ငယ်လေးအပေါ်၌ မျှော်လင့်မိသည်က တစ်ခုတည်းသာ။ ဘေးကင်းရန်ကင်းနှင့် စိတ်ချမ်းချမ်းသာသာဖြင့် ဘဝကို ဖြတ်သန်းနိုင်စေရန်။

~~ အတ္တကြီးတယ်ပဲ ဆိုဆို နောင်တော်ကို အရင်ထွက်သွားခွင့်ပြုပါ ကလေးငယ်။ ကလေးငယ်မရှိတဲ့ လောကကြီးမှာတော့ နောင်တော် အသက်မရှင်လိုဘူး....

နောင်တော်ဟာ ရှင်သန်နေလို့လည်း ထူးခြားမသွားပါဘူး။ သို့ပေသိ ကလေးငယ်ကတော့ ပြည်သူတွေအတွက် ဆက်ရှင်သန်ပေးနေရမယ် မဟုတ်ပါလား...

နောင်တော် ချစ်သော ကလေးငယ်လေး ကောင်းစွာရှင်သန်ပါလေ။ ကလေးငယ်ရဲ့လက်ထဲမှာသာ သေဆုံးခွင့်ရတဲ့အတွက် နောင်တော် ကျေနပ်ပါတယ်...~~

"ရန်သူ့နယ်နိမိတ်ထဲကို ဝင်ရောက်သွားခဲ့တယ်ဆိုတာ မှန်သော သတင်းပါ အရှင်မင်းကြီး...!!"

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Where stories live. Discover now