Ep 9

826 101 0
                                    

#Unicode#

"အမ်.....အမ်"

အသံလေးထွက်ရင်း ထိုသူမှာ အောင်နိုင်သူ လက်ချက်ဖြင့် သတိလစ်သွားတော့လေသည်။

"ဟာအကိုကလည်း တော်တော့လေ။ ဟိုလူက မေ့နေပြီကို" ဆိုပြီး သီဟ တစ်ယောက် ပြောတော့မှပင် အောင်နိုင်သူ လွှတ်ပေးတော့လေသည်။

"အကို အဲ့လူသတိလစ်သွားပြီ။ ထူပြီးကြိုးချည်လိုက်ရအောင်" သီဟက ပေးမှာ ရပ်နေရင်းက ပြောလိုက်သည်။

"ဟုတ်တယ်။ ကောင်လေး ကြိုးချည်ထားရမယ်။ ဒါမှ ဘာမှမလုပ်နိုင်မှာ"အောင်နိုင်သူ ပြန်ပြောရင်း ကြိုးချည်ဖို့ ရှာနေတော့သည်။

အောင်နိုင်သူနဲ့ သီဟတို့နှစ်ယောက် ညနေတုန်းက စားသောက်ဆိုင် တစ်ဆိုင်မှာ

"ဒီလိုလုပ်မယ်လေ။ ကောင်လေး ပြောသလိုဆို အဲ့ကောင်ကပြန်လာမှာဘဲ။ အဲ့တော့ အကိုတို့ပြန်ရင် အကိုက အရက်မူးချင်ယောင်ဆောင်လိုက်မယ်" အောင်နိုင်သူ တစ်ယောက် သီဟကိုကြည့်ရင်း အစီအစဉ်တွေ တစ်ခုပြီးတစ်ခု ရှင်းပြနေသည်။

"ပြီးတော့ကော" သီဟ အောင်နိုင်သူ ရှင်းပြတာကို ဖြတ်ပြီး

၀င်ပြောလိုက်သည်။

"ပြီးတော့ အကို့ အခန်းထဲကို ဝင်ရင် ကောင်လေးနဲ့ အကိုနဲ့က အဝတ်အစား လဲလိုက်မယ်လေ"

"ဖြစ်ပါ့မလား ကျွန်တော့အင်္ကျီက အကိုနဲ့တော်ပါ့မလား"

သီဟ စိုးရိမ်နေတဲ့ အကြည့်တွေဖြင့် အောင်နိုင်သူကို ကြည့်ရင်း ပြန်ပြောသည်။

"တော်ပါမှာ ကောင်လေးကလည်း"

"ဟုတ်ပြီလေ လုပ်ကြတာပေါ့"

ဒီလိုနဲ့ နှစ်ယောက်သား စားသောက်မှာဆိုင်မှာ သဘောတူညီမှု ရယူလိုက်တော့သည်။

မျက်လုံးက ဖွင့်ချင်ပေမယ့် ခေါင်းက မူးနောက်နောက်ဖြစ်နေ‌ လေသည်။ မျက်လုံးဖွင့်စချိန်တွင် အလင်းက မျက်လုံးနားစူးကနဲ ဖြစ်သွားသောကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ ဒါပေမယ့် မျက်လုံးကို အဆုံးထိ မဖွင့်သေးခင်မှာဘဲ

"ဗွမ်း............" ရေဖြင့်အလောင်းခံလိုက်ရတော့သည်။

ရေဖြင့် လောင်းခံလိုက်ရတာကြောင့် ခေါင်းကို ခါလိုက်သည်။ ပြီးနောက် ရှေ့တည့်တည့်ကို ကြည့်လိုက်တော့သည်။ သေချာကြည့်လိုက်မိတော့ အောင်နိုင်သူနဲ့ ကောင်လေးတစ်ယောက် ရပ်နေတာကို ‌ထိုသူတွေ့လိုက်ရသည်။

If(အကယ်၍...)/{complete}Where stories live. Discover now