Ep 4

1.5K 153 5
                                    

#Unicode#

December 4၊ 2017
အောင် မြင့်မြတ်ကို အဖြေပေးပြီးနောက် ချစ်သူဖြစ်တာ ပထမဆုံးနေ့ ဆိုပြီး လျှောက်လည်ကြတယ်လေ။ ဓာတ်ပုံတွေ ရိုက်ကြတယ်၊ ကစားကွင်းမှာ ဆော့ကြတယ်လေ။ မှတ်မိလား....။

*****

"အား........အား........." ဆိုပြီး အောင်နိုင်သူ လန့်နိုးလာတော့သည်။

ပြီးတော့ ဘေးက စားပွဲခုံပေါ် တင်ထားတဲ့ နာရီကို ကြည့်လိုက်လေသည်။ မနက်ခုနှစ်နာရီပင် ရှိနေပြီလေ။ အောင်နိုင်သူ နာရီကို ကြည့်ပြီး စိတ်သက်သာသွားသည်နှင့် တူသည် သက်ပြင်းချလိုက်လေသည်။ ငါအိမ်မက် မက်နေတာဘဲ စိတ်လျော့ဆိုပြီး မီးဖိုဘက် ထလာကာ ရေသောက်ဖို့ အောင်နိုင်သူ စားပွဲပေါ်က ခွက်ကိုယူလိုက်ကာ ရေခဲသေတ္တာနား သွားလေသည်။ ရေခဲသေတ္တာကို ဖွင့်ဖို့အလုပ်

"ကလုံး .......ခွမ်း........."

"ဟင် ဒါဘာအသံလဲ" ဆိုပြီး အောင်နိုင်သူ အသံရှိရာကို ကြည့်လိုက်တော့ ကြောင်ကလေး တစ်ကောင်ရောက်နေတာပင် ဖြစ်လေသည်။

"ဟင် ငါ ပြတင်းပေါက်လည်း မဖွင့်ထားပါဘူး" ဆိုပြီး ပြတင်းပေါက်တွေ စစ်ကြည့်တော့လဲ ဖွင့်ထားခြင်းမရှိဘူးလေ။ ဒါနဲ့ အောင်နိုင်သူ တံခါးကို စစ်ကြည့်လိုက်တော့ တံခါးက ဖွင့်ရုံမျှလေး ဖွင့်နေတော့သည်။

"တံခါးကလည်း ဘယ်လိုလုပ်ပွင့်နေတာပါလိမ့်" ဆိုပြီး အောင်နိုင်သူ အခန်းပြင်ထွက်ကာ စဉ်းစားနေလေသည်။ ထိုအချိန်မှာဘဲ

"ဟင်သားလေးအောင် ပြန်ရောက်ပြီလား" ဆိုပြီး ဘေးခန်းက အဖွားက ဈေးကနေ ပြန်လာတာတူပါရဲ့ အောင်နိုင်သူကို နှုတ်ဆက်နေတော့သည်။

"ဟုတ် ပြန်ရောက်ပါပြီ အဖွား" ဆိုပြီး အောင်နိုင်သူ ပါးစပ်က လွတ်ကနဲ ထွက်သွားပေမယ့်။

"ဘယ်သွားမိလို့လဲ" ဆိုကာ အောင်နိုင်သူ စိတ်ထဲ တွေးနေတော့သည်။ အဖွားကို မေးမယ်ဆိုပြီး ဟန်ပြင်လိုက်ပေမယ့် သွက်လှသည့် အဖွားက အရင်ဦးအောင် စကားဆိုလာတော့သည်။

"အေကွဲ့ မနက်က အဖွား နှုတ်ဆက်တာတောင် ပြန်မပြောသွားတော့ သားအရေးကြီး သွားစရာရှိနေတာထင်တာ"

If(အကယ်၍...)/{complete}Donde viven las historias. Descúbrelo ahora