Ep 21

581 72 4
                                    

#Unicode#

တစ်ဖက်က cafeတွင်တော့ အုတ်အောသောင်းနင်း ဖြစ်ကုန်လေပြီ။

"ဟင် သီရိ"

အောင်နိုင်သူရယ် သီဟရယ် ပြိုင်တူ အော်လိုက်ကြလေသည်။ မြင့်မြတ်မှာတော့ အံ့ဩတဲ့ အကြည့်ဖြင့် သီရိကိုကြည့်နေလေသည်။

"ဘာလို့ အဲ့လိုကြည့်နေကြတာလဲ" သီရိ ရယ်ကာ ပြောလိုက်လေသည်။

သီရိ ပြောလိုက်တော့မှ အောင်နိုင်သူတို့ စားပွဲဝိုင်းလေးဟာ အံ့အားသင့်ရာကနေ ပြန်လည် သက်၀င်လှုပ်ရှားလာလေသည်။

"ဘာမှ မဟုတ်ပါဘူး၊ ကျွန်တော်တို့ အခုဘဲ အမ အကြောင်းပြောနေကြလို့ပါ" ဆိုပြီး သီဟက ပြောလိုက်သည်။

"အော် ဒီလိုလား၊ ဒါနဲ့ ဒီဝိုင်းက ဘယ်သူက အောင်နိုင်သူပါလဲ" သီရိ မေးလိုက်တော့ သီဟတို့ အကိုအောင်နိုင်သူကို ကြည့်လိုက်ကြလေသည်။ အကိုမြင့်မြတ်ကတော့ သီရိကို ကြည့်နေတုန်းပင်။

အောင်နိုင်သူ နေရတာ ခက်လာဒါနဲ့ ကိုယ့်ကိုယ်ကို မိတ်ဆက် လေသည်။

"ဟုတ် ကျွန်တော်ပါဘဲ"

"အော် အဲ့တာဆိုရင် ကျွန်မ ရှင်နဲ့ နှစ်ယောက်ထဲ စကားပြောလို့ရမလား"

သီရိ မေးလိုက်လျှင်ပင် အောင်နိုင်သူက သီဟတို့ကို အမူအရာဖြင့် ခဏရှောင်ဖို့ အချက်ပြလိုက်သည်။ သီဟလည်း မြတ်မင်းကိုခေါ်ပြီး မနီးမဝေးဝိုင်းတွင် ထိုင်လိုက်လေသည်။ အကိုမြင့်မြတ်ကတော့ အကိုအောင်နိုင်သူတို့ ဝိုင်းမှာ ရှိနေဆဲပင်။

"ထိုင်ပြီနော်"

"ဟုတ်ရပါတယ်။ ဘာကိစ္စရှိလို့ပါလဲ"

"မြင့်မြတ်သူ ကိစ္စပါ" သီရိပြောလိုက်သော စကားကြောင့် အောင်နိုင်သူ မျက်နှာထား ပြောင်းသွားလေသည်။

"မြင့်မြတ်ကိစ္စဆို ကျွန်တော်လည်းမေးစရာရှိတယ်"

"ဟုတ် ရပါတယ်ရှင့်"

"မင်းနဲ့ မြင့်မြတ်က အရမ်း ရင်းနှီးကြလား"

"အရမ်းတော့ မရင်းနှီးပါဘူး ဒီအတိုင်း ကျွန်မတို့ ကြော်ငြာရိုက်တုန်းလေး ခင်တာပါဘဲ"

If(အကယ်၍...)/{complete}Where stories live. Discover now