Ep 11

745 98 8
                                    

#Unicode#

အောင်နိုင်သူ ကော်ဖီတွေကို စမ်းသောက်နေချိန် ဖုန်းဆီကနေ အသံမြည်လာတော့သည်။

"တိန်......တိန်........."ဆိုပြီး message တွေဝင်လာတဲ့ အသံကြားလိုက်ရတော့ သီဟနဲ့ အောင်နိုင်သူတို့ အံ့ဩတဲ့အကြည့်တွေဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြတော့သည်။

ဒါနဲ့ အောင်နိုင်သူ တစ်ယောက် ဖုန်းကိုယူကာကြည့်လိုက်သည်။

"မနက်ဖြန် yan entertainment ကို တိတ်တဆိတ်လာခဲ့ပါ။ အရေးကြီးတယ်" ဆိုပြီး ပို့ထားလေတော့သည်။

"အကို ဘာပို့ထားတာလဲ" သီဟနေမှ အောင်နိုင်သူ ကိုင်ထားတဲ့ ဖုန်းကို ကြည့်ရင်း မေးလိုက်သည်။

"မနက်ဖြန် yan entertainmentကို တိတ်တဆိတ်လာခဲ့ပါတဲ့" အောင်နိုင်သူ ဖုန်းကိုကြည့်နေရင်း ပြန်ဖြေလိုက်သည်။

"အဲ့တော့ ဘယ်သူသွားမှာလဲ အကို" သီဟ စိုးရိမ်စိတ်ဖြင့် ထပ်မေးလိုက်ပြန်သည်။

"အကိုဘဲသွားမယ်"

"ဖြစ်ပါ့မလား"

"ဖြစ်ပါတယ်။ လာ ဟိုကောင်ဆီ သွားပြီးတော့ အဝတ်အစားတွေ

သွားယူကြမယ်"

"အင်း ညီအလုပ်ဆင်းလိုက်တော့မယ်"

"ဟုတ်ပြီ" လို့ပြောကာ နှစ်ယောက်သား cafeဆိုင်က ထွက်လာခဲ့ကြတော့လေသည်။

သီဟနှင့် အောင်နိုင်သူတို့ တိုက်ခန်းရဲ့ အပေါ်ဆုံးထပ် စတိုခန်းသို့ တက်လာခဲ့လိုက်ကြသည်။ အခန်းတံခါးဖွင့်ပြီး ဝင်လိုက်တော့ ဟိုကောင်က ချက်ချင်းပင် အောင်နိုင်သူတို့ကို
ကြည့်နေလေသည်။ ဒါနဲ့ အောင်နိုင်သူလည်း ထိုသူနား သွားကာ

"ခုမင်းဖုန်းဆီကနေ message ရောက်လာတယ်။ အဲ့တာ ဘာလုပ်ရမလဲ။ ဖုန်းခေါ်ရမှာလား"

"မခေါ်နဲ့ message ပို့လာရင် သူခိုင်းတာလုပ်ရမှာ"

"ဟုတ်လား ခုပို့လာတာက သူ့ကို Yan entertainment မှာတွေ့ရမှာတဲ့"

"အဲ့တာဆိုရင် Yan entertainment ကိုသွားပြီး သူ့အတွင်းရေးမှူးကို သူဌေးနဲ့ တွေ့ချင်တယ်လို့ ပြောပြီး အခန်းထဲစောင့်နေရမှာ"

If(အကယ်၍...)/{complete}Donde viven las historias. Descúbrelo ahora