Ep 22

611 68 5
                                    

#Unicode#

ရန်နိုင် ဒီလိုတွေ ဖြစ်လာမည်ကို သိသောကြောင့် ကြိုတင် ပြင်ဆင်ထားခဲ့လေသည်။

"မြင့်မြတ်ရယ် ကံတရားက မြင့်မြတ်နဲ့ကိုတို့ကို ဆုံဆည်းပေးဖို့ ဖြစ်မလာဘူးထင်တယ်" ရန်နိုင် ခုတင်ပေါ်က မြင့်မြတ်ကို ကြည့်ပြီး ပြောနေလေသည်။

"ဒါပေမယ့်လည်း မြင့်မြတ် ကိုမင်းကို ရအောင်ယူမယ်။ ဘယ်သူတွေတားတား ကိုမင်းကို ရအောင်ယူမှာ" ရန်နိုင် မြင့်မြတ်ကို ချစ်တာ အမှန်ပင်။ ဒါပေမယ့် မြင့်မြတ်ဆီက အချစ်‌တွေမရတော့ လုပ်မိလုပ်ရာတွေ လုပ်လိုက်ခြင်းပင် ဖြစ်သည်။ ခုလည်း တစ်ခုခုလုပ်ဖို့ ကြံစည်နေတော့သည်။

အောင်နိုင်သူ ရန်နိုင်နှင့် တွေ့ရန် ထွက်လာခဲ့လိုက်သည်။ တစ်ယောက်ထဲ မြို့ပြင်သို့ ကားမောင်းလာခဲ့‌လေသည်။ အောင်နိုင်သူ စိတ်ပူနေလေသည်။ ရန်နိုင် မြင့်မြတ်ကို တစ်ခုခုလုပ်လိုက်မှာကိုပေါ့။ ကားလေးဟာ မောင်းရင်း မြို့ပြင်ကို ရောက်လာလေသည်။

မြို့ပြင်လေးမှာ ဘိလပ်မြေစက်ရုံ တည်ရှိနေလေသည်။ ကားလေးကို ၀င်းထဲ ၀င်ပြီး ထိုးရပ်လိုက်သည်။ အောင်နိုင်သူ စက်ရုံကြီးကို တစ်ချက် ကြည့်လိုက်ကာ အထဲကို ၀င်သွားလိုက်လေသည်။ အောက်ထပ်တွင် အခန်းငါးခန်း‌ရှိ‌ နေတော့သည်။ အောင်နိုင်သူ တစ်ခန်းဝင် တစ်ခန်းထွက် ရှာသော်လည်း မတွေ့ပါ။ ဒါနဲ့ဘဲ ဖုန်းကိုထုတ်ပြီး ရန်နိုင်ကို ဖုန်းခေါ်လိုက်လေသည်။

"ရန်နိုင် မင်းဘယ်မှာလဲ"

"မလောပါနဲ့ ဖြည်းဖြည်းပေါ့"

"ဟျောင့် ပြောစမ်း ငါရှာနေတာ မတွေ့ဘူး။ ပြောစမ်း ဘယ်မှာလဲ"

"မင်းတစ်ယောက်ထဲ လာတာ သေချာလို့လား"

"ဟုတ်တယ် ဘယ်သူမှမပါဘူး ငါတစ်‌ယောက်ထဲဘဲ လာခဲ့တာ"

"လမ်းအဆုံးကို လာခဲ့လိုက်၊ အောက်ထပ်ကို ဆင်းတဲ့ တံခါးတွေ့လိမ့်မယ်။ တံခါးဖွင့်ပြီး ၀င်လာရင်ရပြီ"

"ဟုတ်ပြီ" လို့ အောင်နိုင်သူ ဖုန်းချလိုက်ကာ ဆက်သွားလိုက်သည်။

If(အကယ်၍...)/{complete}Where stories live. Discover now