#Unicode#
ကဲ အခုလို ကျေးဇူးတင်လွှာ ရေးမယ်ဆိုတော့ ဘယ်က ဘယ်လိုစရမလဲ မသိ ဖြစ်သွားတာပေါ့။
အရင်ဆုံး ကျေးဇူး တင်ရမှာကတော့ readersတွေပါဘဲ။
တစ်ကယ်ကို ကျေးဇူးတင်ပါတယ်။ ဒီလို အရေးအသား မကောင်းတဲ့ ficကို အချိန်ပေးပြီး ဖတ်ပေးလို့။ voteပေးတဲ့ တစ်ယောက်စီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ viewတိုးအောင် ဖတ်ပေးတဲ့ silent readerတွေကိုလည်း ကျေးဇူး အထူးပါလို့ ပြောချင်ပါတယ်။ဒီficရဲ့ အစတုန်းက nameကတော့ "when life is gone"
ဘဲဖြစ်ပါတယ်။ အစတုန်းက ၁၃ပိုင်းနဲ့ season 1,2ခွဲမယ်ဆိုပြီး စဉ်းစားခဲ့တာ။ အဲ့တုန်းက ကျွန်တော်က 13 reason whyကြည့်ပြီး အရူးထခဲ့တာပေါ့။ ဒါပေမယ့်လည်း မနိုင်ဘဲနဲ့ ပဲကြီးဟင်းစားချင်တယ်လို့ဆိုရမလားဘဲ။ ကျောင်းစာ တစ်ဖတ်နဲ့ဆိုတော့ ရေးရတာ အဆင်မပြေခဲ့ဘူးပေါ့နော်။ ဒါကြောင့်လည်း ဇာတ်လမ်း ဇာတ်အိမ်က တိုသွားတာပါ။ ဇာတ်လမ်းလေးက ပြင်မယ်ဆိုရင်လည်း Wattpad accountကနေ ပြန်ပြောသွားပါမယ်။ season 1သာပြီးသွားတယ် season 2 မစနိုင်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော် ပြန်စဉ်းစားခဲ့တယ်။ season တွေခွဲမနေဘဲနဲ့ပေါ့။ ဒါကြောင့်ဘဲ
ဒီ If(အကယ်၍)ဆိုတာ ဖြစ်လာရတာပေါ့။ဒီကြားထဲ မရေးချင်တော့တာလို့၊ voteတွေ မတိုးလာလို့ဆိုပြီး
စိတ်ဓာတ်တွေ ကျခဲ့ရတယ်။ ဒါပေမယ့်လည်း ပြီးအောင်ရေးမယ်ဆိုတဲ့ စိတ်ကလေးရယ် readerတို့ရဲ့ အားပေးစကားကြောင့် အပြီးထိရေးခဲ ဖြစ်တာပေါ့နော်။အစပတော့ ၂၅ပိုင်းနဲ့ အပြီး ဆိုပြီး တွက်ထားခဲ့တာ။ extra လည်းလုံး၀ မရေးဘူး ဆိုပြီးတော့ပေါ့။ နောက်တော့ ပြန်တွေးမိသွားတယ်။ ဒီလို adventure typeမျိုးက ၂၅ပိုင်းဆို အရမ်းတို သွားမယ်ဆိုတာကိုပေါ့။ ပြီးတော့လည်း အောင်နိုင်သူနဲ့ မြင့်မြတ်တို့ရဲ့ နှစ်ယောက်ထဲ အချိန်တွေက နှစ်ပိုင်းလောက်ဘဲ ပါခဲ့တာပေါ့။ ဒါကြောင့် extraမှာ အောင်နိုင်သူနဲ့ မြင့်မြတ်တို့ရဲ့ အချိန်လေးတွေလည်း ပါရအောင်၊ နောက်ပြီး စိတ်လှုပ်ရှား စရာလည်းဖြစ်အောင် ဇာတ်လမ်းလေး ဆင်လိုက်ရတာပါ။
ပြီးတော့ ကျွန်တော် ဒီextraရေးနေတဲ့ အချိန်မှာ ကျွန်တော်
ဒီficအတွက် sequelရေးမယ် ဆိုတာ စဉ်းစားလိုက်တာပါဘဲ။
YOU ARE READING
If(အကယ်၍...)/{complete}
AdventureAccident ဖြစ်ပြီးနောက် အရာအားလုံးကို မေ့သွားတဲ့ဝိညာဥ်လေး...။ ကိုယ်ချစ်ရသူဟာ မသမာစွာ လုပ်ကြံခံရတယ်လို့ ခံစားရတယ်အထင်နဲ့ စုံစမ်းနေတဲ့ လူတစ်ယောက်...။ ပြီးတော့....ဝိညာဥ်ကို မြင်နေရတဲ့ ကောင်ကလေး....။ သူတို့သုံးဦးကြားက အရှုပ်တွေက ဘယ်လိုရှင်းသွားမှာလဲ...