#Unicode#
"တီး........တီး......တီး" လမ်းမပေါ်မှာ ကားတွေကလည်းပိတ်ပြီး ကားသံများမှာလည်း ဆူညံနေတော့လေသည်။ အခုခေတ်မှာ ဝိညဉ်တစ်ယောက်ကို တွေ့တယ်ဆိုရင် ယုံကြည်ပါ့မလား၊ ပြီးတော့ ဝိညဉ်တစ်ယောက်ကိုလဲ ကူညီနေတယ်လို့ ပြောရင် ယုံကြည်ပါ့မလား။
သီဟနဲ့ မြင့်မြတ်တို့ လမ်းလျှောက်နေရင်း မြင့်မြတ်တစ်ယောက် တစ်ခုခုကို သတိရသွားပြီးတော့ သီဟရှေ့ကို ရပ်လိုက်ပြီး
"သီဟ "
"အင်းပြောလေ အကိုမြင့်မြတ်"
"ငါတို့ ဟိုတစ်ယောက်ကို ဖမ်းထားတယ်မလား သီဟ"
"ဟုတ်တယ်လေ အကို"
"အဲ့တာလေ သူ့ကို မေးကြည့်ရင်တစ်ခုခုများ မသိနိုင်ဘူးလား သီဟ"
"အား....ဟုတ်တယ်နော် အဲ့တာကို ဘာလို့ အစက မတွေးမိတာပါလိမ့်"
သီဟနဲ့ မြင့်မြတ်တို့ စကားပြောနေကြတာ အရမ်းကျယ်သွားလို့ ထင်ပါရဲ့။ လမ်းသွားလမ်းလာသူများက သီဟကို ကွက်ကြည့်ကွက်ကြည့်နဲ့ ကြည့်သွားကြလေသည်။ ဒါနဲ့ဘဲ သီဟက မြင့်မြတ်ကို
"သွားရအောင် အကို" လို့ပြောပြီး ခပ်သွက်သွက်လေး ထိုနေရာကနေ သွားလိုက်ကြသည်။
အောင်နိုင်သူ တစ်ယောက် ဆေးရုံမှာ ကျန်နေပြီး စဉ်းစားခန်း ထုတ်နေလေသည်။ ထိုသို့ စဉ်းစားနေရင်းကနေ ဖုန်းက မြည်လာလေသည်။ ဒါကြောင့်ဘဲ အောင်နိုင်သူ ဖုန်းကိုင်လိုက်သည်။
"ဟယ်လို"
"အကိုအောင်နိုင်သူပါလား"
"ဟုတ်ကဲ့"
"ရဲမှူးကြီးပါ"
"အော် ဟုတ်ကဲ့ပြောပါ ရဲမှူးကြီး"
"ပြန်ပြေးဆွဲတဲ့သူက ရန်နိုင်ခိုင်းတယ်ဆိုပြီး ပြောနေတယ်"
"ဟုတ်လား။ ကျွန်တော်ထင်ထားသလိုဘဲ"
"ခု ရန်နိုင်အိမ်ကို သေချာ စစ်ခိုင်းထားလိုက်တယ်"
"ဟုတ်ကဲ့ပါ ရဲမှူးကြီး ဒါနဲ့လေ ကျွန်တော်တို့ဆီကို ဘယ်လိုများရောက်လာတာလဲ"
VOCÊ ESTÁ LENDO
If(အကယ်၍...)/{complete}
AventuraAccident ဖြစ်ပြီးနောက် အရာအားလုံးကို မေ့သွားတဲ့ဝိညာဥ်လေး...။ ကိုယ်ချစ်ရသူဟာ မသမာစွာ လုပ်ကြံခံရတယ်လို့ ခံစားရတယ်အထင်နဲ့ စုံစမ်းနေတဲ့ လူတစ်ယောက်...။ ပြီးတော့....ဝိညာဥ်ကို မြင်နေရတဲ့ ကောင်ကလေး....။ သူတို့သုံးဦးကြားက အရှုပ်တွေက ဘယ်လိုရှင်းသွားမှာလဲ...