Extra part 9

397 47 9
                                    

#Unicode#

မြင့်မြတ် နောက်တစ်ခေါက် ဘေးဘီကို လှည့်ကြည့်လိုက်သည်။
ယေးယေးလေးသာ မြင်ရလေသည်။ ဒါနဲ့ဘဲ မြင့်မြတ် ပိုပြီး သေချာအောင် "ရှိင်းကို"ဆိုပြီး အော်ခေါ်လိုက်သည်။
အော်ခေါ်လိုက်ပေမယ့်လို့ တစ်ယောက်မှ မြင့်မြတ်ဆီ မလာ။
မြင့်မြတ်အဖို့ အံ့ဩသွားရလေသည်။ ထို့နောက်
"ရှိုင်းဝေယံ"ဆိုပြီး ထပ်ခေါ်ကြည့်တော့သည်။ ဒီတစ်ခါလည်း တစ်ယောက်မှ ရောက်မလာခဲ့ပါ။

နှစ်ယောက်လုံး အပြင်သွားတာလို့ မြင့်မြတ် မှတ်ယူလိုက်တော့သည်။
ပြီးနောက် ချည်ထားတဲ့လက်ကို ဖြေလိုဖြေငှား လှုပ်ရှားလေသည်။
လှုပ်လေ လှုပ်လေ လက်ကပို၍ နာကျင်လာသည်။ တင်းတင်း ကြပ်ကြပ် ချည်ထားလို့ပင် ဖြစ်သည်။ မြင့်မြတ် တစ်ယောက် နာကျင်သော်လည်း ကြိတ်မှိတ်ကာ လက်ကို အတင်းရုန်းတော့သည်။
အတော်ကြာအောင် ရုန်းနေပေမယ့်လည်း လက်နာတာဘဲ အဖတ်တင်လေသည်။ မြင့်မြတ် လက်လျော့လိုက်သည်။ ပြီးနောက် ပတ်၀န်းကျင်ကို တစ်ချက်ကြည့်လိုက်ပြန်သည်။ အရှေ့က ထိုင်ခုံရဲ့ ဘေးနားမှာ စားပွဲခုံလေး ရှိနေတော့၏။ မည်းမည်းကြီးမှာမှ ‌ယေးယေးလေးဘဲ မြင်ရတာကြောင့် မြင့်မြတ် အားစိုက်ကာ ကြည့်လိုက်သည်။ ပစ္စည်းတွေတော့ ရှိနေသည်။ ဘာမှန်းတော့ သေသေချာချာ မသိရပါ။

"ဘယ်လိုလုပ်ရပါ့မလဲ"ဆိုကာ တွေးနေတုန်း ခြေသံတွေ ကြားရလာတော့သည်။ မြင့်မြတ် ခြေသံကို နားထောင် နေတော့သည်။ တစ်ယောက်ထဲလား၊ နှစ်ယောက်လုံး ပြန်လာတာလား ဆိုတာ သိချင်လို့ပေါ့။ ဒါပေမယ့် ခြေသံက တစ်ယောက်စာဘဲ ဖြစ်နေသည်။ ဒါကြောင့် မြင့်မြတ် တစ်ယောက်ထဲဘဲ ပြန်လာသည်ဟု မှတ်ယူလိုက်သည်။ စိတ်ထဲတွင်လည်း ရှိုင်းကို ဖြစ်နေပါစေဟု ဆုတောင်းမိသည်။

ခြေသံတွေဟာ ကြားနေရပေမယ့် ‌မြင့်မြတ်ရှေ့မှာ အဆုံးသတ်သွားသည်။ မြင့်မြတ်ရှေ့မှာ ရပ်နေတော့တာပေါ့။ ပြီးတော့ မြင့်မြတ် ခေါင်းကို အုပ်ထားတဲ့ အ၀တ်စ အမည်းကြီးကို ချွတ်ဖို့ လုပ်နေလေသည်။ အားနဲ့ ဆွဲယူပြီး အ၀တ်စကို ဖယ်လိုက်သည်။ မှောင်နေရာကနေ အလင်း‌ရောင်ကို ထိတွေ့လိုက်ရတော့ မြင့်မြတ် စူးခနဲ ဖြစ်သွားကာ တစ်ဖက်ကို လှည့်လိုက်သည်။ ရှိုင်းကို ဖြစ်လေမလား၊ ရှိုင်းကိုပြောတဲ့ ရှိုင်းဝေယံ ဘဲဖြစ်လေမလား မြင့်မြတ် မသိတော့။ ထိုသူကတော့ ရှေ့မှာ ရပ်နေတုန်းပင်။

If(အကယ်၍...)/{complete}Donde viven las historias. Descúbrelo ahora