Ep 25(Final)

2K 92 3
                                    

#Unicode#

မြင့်မြတ်သူ မှတ်ဥာဏ်ထဲတွင် ဝေဝါးနေသော ပုံရိပ်ဟောင်းတွေ ပေါ်လွင်‌လာလေသည်။

"ဟင် အောင်နိုင်သူ" ဆိုပြီး မြင့်မြတ် အံ့ဩကာ နေလေသည်။ မြင့်မြတ်သူ အောင်နိုင်သူနား ပြေးသွားကာ ဖက်လိုက်လေသည်။

"ကျေးဇူးပါဘဲ အကို"

အောင်နိုင်သူမှာ ရုတ်တရက် ဖက်ခံလိုက်ရတာကြောင့် အံ့ဩနေလေသည်။

"ရ..ရပါတယ်"

"ဂရုစိုက်ပြန်နော်"

"ဟုတ်ပြီ"

အောင်နိုင်သူ ကားလေး ထွက်သွားတော့ မြင့်မြတ်သူ အိမ်ထဲကို ၀င်သွားလိုက်သည်။ အိမ်ထဲရောက်တော့ အမေက မေးခွန်းတွေနဲ့ ဆီးကြိုနေလေသည်။

"ဘယ်လိုလဲ ပျော်ခဲ့ရဲ့လား"

"အင်း ပျော်စရာကောင်းပါတယ် အမေ"

"ညစာကော စားပြီးပြီလား"

"စားခဲ့လိုက်တယ်..အမေကော"

"စားပြီးပြီကွယ်"

"အဲ့တာဆို သားအခန်းထဲ သွားနားအုန်းမယ်နော်"

"ဟုတ်ပြီ၊ သွားနားတော့"

"အော် ဒါနဲ့အမေ သားနဲ့ မနက်ကလာတဲ့ အကိုနဲ့က ချစ်သူတွေနော်"

"သား...သားဘာပြောချင်တာလဲ"

"ဘာမှမဟုတ်တော့ဘူး သွားနားပြီ"

"ဘာတွေပြောသွားတာလဲ ဒီကောင်လေးနဲ့တော့"

မြင့်မြတ်သူ အခန်းလေးထဲ ၀င်သွားကာ ခုတင်ပေါ် မှောက်အိပ်လိုက်သည်။ မျက်နှာကြက်ကို ကြည့်နေကာ

"အကိုအောင်က အရင်တိုင်းဘဲ ချောနေသေးတာဘဲ" လို့ ရေရွတ်လိုက်ပြီး

မြင့်မြတ်သူ ခုတင်ပေါ်က ဆင်းကာ ဒိုင်ယာရီ စာအုပ်လေးကို ယူလိုက်လေသည်။ ပြီးတော့ ခုတင်ပေါ်ထိုင်လိုက်ကာ ဖတ်နေလေသည်။ ဖတ်နေရင်းနဲ့လည်း တစ်ယောက်ထဲ ပြုံးနေလေသည်။

အောင်နိုင်သူ မြင့်မြတ်ဆီ မသွားတာ နှစ်ရက် ရှိပြီလေ။ အောင်နိုင်သူ တစ်ယောက် ဟိုတစ်နေ့ညက ဖက်ခံလိုက်ရတာကြောင့် အိပ်မပျော် ဖြစ်‌နေသည်မှာ နှစ်ရက်‌လောက်ရှိပြီလေ။ ခုလည်း ဆိုင်မှာ တဝါးဝါး သန်းနေလေသည်။ ချစ်သူတွေဆိုတာ သိပေမယ့်လည်း ရင်ထဲ တစ်မျိူးကြီး ဖြစ်သွားတာလေ။

If(အကယ်၍...)/{complete}Where stories live. Discover now