#Unicode#
တစ်ဖက် ဂိုဒေါင်တွင်လည်း
"သူတို့ကို တစ်ခုခုလုပ်လိုက်တော့" ဆိုပြီး လူမိုက်ကြီးက ပြောလာလေသည်။သီဟ ဘာလုပ်ရမှန်းအသိ ဖြစ်နေလေသည်။ မြတ်မင်းနား သွားကာ မြတ်မင်းကို နိုးတော့လည်း ထမလာ။ သီဟတစ်ယောက် အခက်တွေ့နေလေသည်။
"မင်းတို့က ငါ့တို့ကို နှောင့်ယှက်နေတာဘဲ၊ ငါတို့သွားတဲ့ လမ်းကို
၀င်ရှုပ်နေတယ် ဟုတ်လား"သီဟ မတ်တပ်ရပ်လိုက်ကာ နောက်သို့ တစ်ဖြည်းဖြည်း ဆုတ်သွားလေသည်။ သီဟစိတ်ထဲတွင် လာကူမည့်သူကိုသာ တမ်းတမိနေသည်။ သီဟ ရှေ့ကို လျှောက်လာတဲ့ သူက သီဟကို တုတ်ဖြင့်ရိုက်ဖို့ ရွယ်လိုက်တဲ့ချိန်
"မင်းတို့ လက်နက်ကို ချထားကြစမ်း"
ဂိုဒေါင်တံခါး ဖွင့်ထားကာ ရဲတွေရောက်လာလေသည်။ သီဟရှေ့က လူမိုက်ကတော့
"မင်း....မင်းတို့"
ရဲတွေရောက်လာတော့ လူအုပ်တစ်သိုက်ကို ခေါ်သွားကြလေပြီ။ မြတ်မင်းက ဒဏ်ရာရနေတော့ ဆေးရုံကားနဲ့ တစ်ခါထဲ ပါသွားတော့သည်။ ရဲမှူးတို့နဲ့အတူ အကိုမြင့်မြတ်ကော လိုက်လာလေသည်။ အကို မြင့်မြတ်က
"သီဟ ဘယ်လိုဖြစ်တာလဲ အကို့ခန္ဓာမဟုတ်ဘူးလား"
"အင်း မဟုတ်ဘူး အကို"
"ရန်နိုင်က ဉာဏ်များတာဘဲ"
"ဟုတ်တယ်အကို" လို့ သီဟပြောပြီးတော့ ရဲမှူးက သီဟ အနားကို ရောက်လာလေသည်။ ဒါနဲ့ဘဲ သီဟက အရင်ဦးစွာ
"ရဲမှူးတို့က ဘယ်လိုရောက်လာတာလဲ"
"ငါမင်းတို့ကို စခန်းက ထွက်သွားတော့ ဘာလုပ်မယ်သိချင်လို့ လူလွတ်လိုက်တာ"
"ဟင် တော်သေးတာပေါ့"
"မင်း ဖုန်းမဆက်ခင် ငါ့လူက ဆက်ပြီးသား၊ ဒါပေမယ့် မင်းဆက်လာတော့ အခြေအနေ မဟန်တော့မှန်းသိလို့ လာခဲ့လိုက်တာ"
"ကျေးဇူးတင်ပါတယ်" လို့ သီဟပြောနေလေသည်။ ပြောပြီး ခဏမျှကြာတော့
"ဟင် အကိုအောင်နိုင်သူကို သွားကူရအုန်းမယ် ရဲမှူး"
VOCÊ ESTÁ LENDO
If(အကယ်၍...)/{complete}
AventuraAccident ဖြစ်ပြီးနောက် အရာအားလုံးကို မေ့သွားတဲ့ဝိညာဥ်လေး...။ ကိုယ်ချစ်ရသူဟာ မသမာစွာ လုပ်ကြံခံရတယ်လို့ ခံစားရတယ်အထင်နဲ့ စုံစမ်းနေတဲ့ လူတစ်ယောက်...။ ပြီးတော့....ဝိညာဥ်ကို မြင်နေရတဲ့ ကောင်ကလေး....။ သူတို့သုံးဦးကြားက အရှုပ်တွေက ဘယ်လိုရှင်းသွားမှာလဲ...