#Unicode#
သီဟတစ်ယောက် ဆိုင်မှာ လူပါးတုန်း ဖုန်းကိုထုတ်ကာ သတင်းကြည့်နေလေသည်။ သီဟကြည့်လိုက်တိုင်း မြင့်မြတ်သူရဲ့
interviewသတင်းတို့ photo shootingသတင်းတို့ တွေ့တွေ့နေရလေသည်။ ကိစ္စတွေကလည်း ဖြစ်ပျက်ပြီးခဲ့တာ သုံးလတောင်ရှိတော့မယ်လေ။ အကိုမြင့်မြတ်လည်း ဆိုင်ကိုသိပ်မလာအားတော့ဘူးလေ။ အလုပ်ကိစ္စတွေက များတော့ သိပ်မအားဘူးထင်ပါရဲ့။ တစ်ခါတစ်လေတော့ အကိုအောင်နိုင်သူနဲ့ အတူတူပါလာတတ်သည်။သီဟလေ ခုတစ်လော ထူးဆန်းနေတော့တာ။ အကိုမြင့်မြတ်ကို ကူညီပေးခဲ့ပြီးကတည်းက သီဟရဲ့ ဝိညဉ်မြင်တာတွေက ရုတ်တရက်ပျောက်သွားတယ်။ ခါတိုင်းဆို အသံတွေကြားရသေးတယ်။ ခုတော့ မြင်လည်းမမြင်ရ၊ ကြားလည်းမကြားရတော့ဘူးလေ။ သီဟ ပထမဆုံး မြတ်မင်းကိုကို ပြောပြတယ်။ သူကတော့ ကောင်းတာပေါ့တဲ့လေ၊ မမြင်ရတော့ အရင်လိုလန့်မနေတော့ဘူးတဲ့လေ။ ဒါပေမယ့်လည်း
သီဟ အဖွားကိုပြောပြလိုက်တယ်။ အဖွားကတော့ သိသိချင်းဘဲ သီဟကို ဘုန်းကြီးကျောင်းခေါ်သွားတော့တာဘဲ။ဘုန်းကြီးကျောင်းရောက်တော့ ကျောင်းထိုင်ဆရာတော် ဘုန်းဘုန်းက အရင်ဘ၀က ကုသိုလ်ကံကြောင့် မမြင်ရတော့တာ ဆိုပြီး မိန့်လေသည်။ ပြီးတော့ ဆုံးပါးသွားပြီဖြစ်တဲ့ မိဘနှစ်ပါးကို ရည်းညွှန်း၍လည်း အလှူအတန်းလုပ်ဖို့ မိန့်ကြားခဲ့သေးတယ်။ မကြာပါဘူး သီဟတို့လည်း အဖေနဲ့အမေတို့အတွက် နေ့ဆွမ်းလေးကပ်ပြီး အမျှအတန်းပေးဝေပွဲလေး လုပ်လိုက်တယ်။ သီဟလေ ဝိညဉ်တွေမြင်ရစဉ်က သီဟရဲ့အဖေနဲ့အမေကို ပြန်တွေ့ချင်မိတယ်။ အဖေနဲ့အမေတို့ ဝိညဉ်မဖြစ်တာက တစ်ခုခုကို စွဲကျန်နေတာလည်း မဟုတ်သလို၊ မြောနေတာမဟုတ်ကြောင်း သိလိုက်ရတော့တယ်။ သီဟကို စိတ်ချလို့ဘဲ အဖေနဲ့အမေက ထားသွားခဲ့တာဘဲလေ။ သီဟကို စိတ်မချရင် တစ်နေရာရာမှာ ရှိနေမှာပေါ့ မဟုတ်ပါလား။
"အကို"
သီဟ ဖုန်းသုံးနေရာကနေ ရုတ်တရက်အသံကြားလိုက်တော့ ထိုင်နေရာကနေ ထလိုက်သည်။ ကောင်တာရှေ့တွင် ဧည့်သည်ရောက်နေလို့ဘဲလေ။
"ဟုတ်ကဲ့ ဘာများသုံးဆောင်ပါမလဲ
"ကျွန်တော့ကို cappuccinoနဲ့နွားနို့တစ်ခွက်စီပေးပါ"
![](https://img.wattpad.com/cover/169717432-288-k220016.jpg)
BINABASA MO ANG
If(အကယ်၍...)/{complete}
AdventureAccident ဖြစ်ပြီးနောက် အရာအားလုံးကို မေ့သွားတဲ့ဝိညာဥ်လေး...။ ကိုယ်ချစ်ရသူဟာ မသမာစွာ လုပ်ကြံခံရတယ်လို့ ခံစားရတယ်အထင်နဲ့ စုံစမ်းနေတဲ့ လူတစ်ယောက်...။ ပြီးတော့....ဝိညာဥ်ကို မြင်နေရတဲ့ ကောင်ကလေး....။ သူတို့သုံးဦးကြားက အရှုပ်တွေက ဘယ်လိုရှင်းသွားမှာလဲ...