Ep 24

712 71 2
                                    


#Unicode#

ချမ်းအေးလှတဲ့ ဆောင်းရာသီကိုတောင် ပြန်ရောက်လို့လာလေပြီ။ မနက်ခင်း အပြင်ဘက်တွင် မြူမှုန်များ အနည်းငယ် ကျရောက်နေလေသည်။ အောင်နိုင်သူ ကုတ်အင်္ကျီလေးထပ်ကာ သီဟသို့ ဆိုင်ကို ထွက်လာခဲ့လိုက်သည်။ လားရှိုးမြို့လေးရဲ့ နို၀င်ဘာဆောင်းလေးက ချမ်းအေးလွန်းလှလေသည်။

အောင်နိုင်သူ လမ်းလျှောက်ကာ တစ်၀က်သို့ရောက်တော့ ကောင်းကင်ကို မော့ကြည့်ကာ အာငွေ့လေး မှုတ်ထုတ်လိုက်လေသည်။

"မြင့်မြတ်နဲ့ ကိုယ်တွဲတာ တစ်နှစ်ပြည့်တော့မယ်နော်"လို့ စိတ်ထဲကနေတွေးရင်း ဆိုင်ကိုသာ သွားလိုက်လေသည်။

"အေးချမ်းလွမ်းတဲ့မနက်ခင်း

မင်းအကြောင်းရုတ်တရက်ခေါင်းထဲ

စကားမပြောဖြစ်တာကြာပေါ့

မင်းအနမ်းလေးငါလွမ်းလို့"

ကော်ဖီဆိုင်လေးမှာ မယ်ရီရဲ့ သီချင်း‌အ‌ဆွေးလေးက ပျံ့လွင့်လို့ နေလေသည်။ သီဟက ခုချိန် အလုပ်ရှုပ်နေသည်။ မနက်ခင်

တဲ့အချိန်လေ။

"ဟာ အကို ရောက်လာတာ စောလှပါလား" မြတ်မင်း အောင်နိုင်သူကို လှမ်းပြောလိုက်လေသည်။

"ဟုတ်တယ် ဒီနေ့စောထွက်လာလိုက်တာ"

"ထုံးစံအတိုင်းဘဲလား"

"ရပါတယ် ဧည့်သည်တွေကို အရင် လုပ်ပေးလိုက်ပါ၊ အကိုက နောက်မှ အေးဆေးပေါ့"

"ကို" သီဟ မြတ်မင်းကို လှမ်းခေါ်လေသည်။

"အကို အဲ့ဆို ထိုင်အုန်းနော်" ဆိုကာ မြတ်မင်းက သီဟနားသို့ သွားလေသည်။

"ဟုတ်ပြီ" လို့ဖြေရင်း သီဟကို တစ်ချက်ကြည့်ကာ ပြုံးလိုက်လေသည်။

ခုဆိုရင် သီဟနှင့် မြတ်မင်းတို့က တွဲနေကြပြီလေ။ ဆိုင်လေးကလည်း သီဟက သူ့သူဌေးဆီ ငှားထားကာ နှစ်ယောက်သား အတူတူ ဖွင့်ကြတာလေ။ မြတ်မင်းလည်း ကိစ္စတွေပြီးတော့ လူငယ် ထိန်းသိမ်းရေးကျောင်းကို ပို့ခံရတယ်လေ။ ခုကိစ္စတွေက ဖြစ်သွားတာ မနေ့တစ်နေ့ကလိုပါဘဲ။ ဒါပေမယ့် မပြောင်းလဲသွားတာကတော့ မြင့်မြတ်ကိုချစ်တဲ့ အောင်ရဲ့ အချစ်တွေပါဘဲ။

If(အကယ်၍...)/{complete}Donde viven las historias. Descúbrelo ahora