Ep 7

1K 123 2
                                    

#Unicode#

December 10.2017

မြင့်မြတ် အောင့်ကိုခေါ်ပြီး အမေနဲ့ပေးတွေ့တယ်လေ။ မှတ်မိလားဟင်။ အမေကလေ အစကတော့ မကြည်ဖြူသလိုလို အရိပ်အယောင်ပြပေမယ့် မြင့်မြတ်တို့ကို ချောင်းချောင်းကြည့်နေတာလေ။ အမေကလေ မြင့်မြတ်ပျော်နေရင်ကို စိတ်ချမ်းသာနေတာ။ အောင်ရယ် မြင့်မြတ်ကို ချစ်သလို အမေ့ကိုလည်း ချစ်ပေးနော်။ မြင့်မြတ် မအားတဲ့ အချိန်တောင်မှ အမေ့ကို ဂရုစိုက်ပေးပါနော်။

*****

"ဟင်......အောင်.....ဘာဖြစ်တာလဲ ခေါင်းမှာလည်း ဒဏ်ရာနဲ့ ပြီးတော့ ဗိုက်နားလေးမှာ ဓားကြီး ဘယ်လိုဖြစ်တာလဲ" ဆိုပြီး မြင့်မြတ် အောင့်နားပြေးသွားကာ ဘာလုပ်ရမှန်းမသိဘဲ ဖြစ်နေလေသည်။

ဝိညဉ်ဆိုတော့လည်း ထိလို့ ကိုင်လို့မရတော့ ပိုဆိုးတာပေါ့။ ဒါပေမဲ့ နောက်ဆုံး အကြံရလိုက်တာကတော့ သီဟကျော်ကို သွားရှာဖို့ဘဲလေ။ ဒါနဲ့ မြင့်မြတ် အောင့်တိုက်ခန်းကနေ ထွက်ပြီး သီဟဆီကို အလျင်အမြန် ပြေးသွားလိုက်‌တော့‌သည်။

သီဟကျော်တို့ တိုက်ခန်းရှေ့ကို ရောက်တော့ မြင့်မြတ် ဘယ်အခန်းကို သွားရမှန်း မသိဘူး ဖြစ်နေလေသည်။ တိုက်ခန်းကိုဘဲသိခဲ့ပြီး ဘယ်အခန်းလဲဆိုတာ မသိခဲ့လေခြင်း။

ဒါနဲ့ တစ်ခန်းဝင် တစ်ခန်းထွက်ပြီး လိုက်ရှာလေတော့သည်။ ရှာနေရင်းကနေ နောက်ဆုံးတော့ တွေ့ခဲ့လေပြီ။ တတိယထပ်က ထောင့်အခန်းလေးမှာလေ။ ဘယ်လို တွေ့တာလဲဆိုတော့ မြင့်မြတ် အထဲဝင်သွားလိုက်တော့ စားပွဲခုံမှာ ထိုင်နေတဲ့ သီဟကို တွေ့လိုက်ရတယ်လေ။ စားပွဲခုံရှေ့မှာassignment ရေးနေတယ် ထင်ရတာဘဲ။ ဒါနဲ့ဘဲ မြင့်မြတ် အနားလေး သွားကာ

"သီဟ"လို့ ခေါ်လိုက်တော့သည်။

"ခေါ်သံကြားလိုက်တယ် အကိုမြင့်မြတ်အသံလိုဘဲ" ဆိုပြီး သီဟ အနောက်ကို လှည့်ကြည့်လာလေသည်။ တစ်ကယ်ကို အကိုမြင့်မြတ်ဘဲလေ။ ဒါနဲ့ သီဟလည်း ထိုင်နေရာကနေ ထရပ်လိုက်လေသည်။

"ဟင် အကိုမြင့်မြတ် ဘယ်ကဘယ်လိုရောက်လာတာလဲ"

"သီဟရေ အောင့်ကိုကယ်ပါအုန်း"

If(အကယ်၍...)/{complete}Tahanan ng mga kuwento. Tumuklas ngayon