#Unicode#
မနက်ခင်း ဌက်ကလေးများရဲ့ တစ်စာစာအော်သံကြောင့် မြင့်မြတ် အိပ်၍မရတော့ပါ။ ထို့ကြောင့် မြင့်မြတ်တစ်ယောက် စောင်ပုံတွေကြားထဲကနေ ခေါင်းထောင်လာတော့သည်။ မြင့်မြတ် ကုတင်ပေါ် ငုတ်တုတ်ထိုင်လိုက်ပြီး ဘေးဘီကို လှည့်ကြည့်လိုက်လေသည်။ အကိုအောင် အိပ်ယာဘေးတွင် ရှိမနေတော့ဘူးလေ။ ဒါနဲ့ဘဲ မြင့်မြတ် ရေချိုးခန်းကို ကြည့်လောက်တော့သည်။ ရေကျသံတွေကြားနေရတာဆိုတော့ "ရေချိုးနေတာဘဲ"ဆိုပြီး ကုတင်ကနေထလိုက်တော့သည်။ ပြီးတော့ ၀ရံတာဘက်ကို သွားလိုက်လေသည်။
မျက်နှာပေါ်ကို ကျရောက်လာတဲ့ အလင်းစူးစူးလေးတွေကြောင့်
မြင့်မြတ် မျက်မှောင်ကြုတ်သွားလေသည်။ အပေါ်ကို မော့ကြည့်ရာကနေ မြင်ကွင်းကို တိုက်အောက်ဘက်သို့ ပြောင်းလိုက်သည်။ မနက်ခင်းဆိုတော့ ရုံးသွားရုံးတက်လူတွေနဲ့ ပြည့်နေတယ်လေ။ ဈေး၀ယ်တဲ့သူက၀ယ်၊ ရုံးသွားနေတဲ့သူကသွားနေသည့် မြင်ကွင်းမှာ စိတ်ကြည်နူးဖွယ်ကောင်းလှသည်။မြင့်မြတ် ငေးကြည့်နေရင်းက ရေချိုးခန်းတံခါးဖွင့်သံ ကြားလိုက်ရတော့သည်။ ဒါနဲ့မြင့်မြတ်လည်း ၀ရံတာဘက်ရပ်နေရာကနေ အထဲပြန်၀င်လိုက်သည်။
"ဒီနေ့ အစောကြီး အလုပ်သွားမလို့လား"ဆိုပြီး မြင့်မြတ် စကားစလိုက်လေသည်။
"မဟုတ်ပါဘူး ဒီနေ့ကကို့နားရက်လေ"
"ဟင်....အောင့်နားရက်"
"ဟုတ်တယ်လေ ချစ်မေ့နေပြီလား ဒီနေ့ကသောကြာနေ့လေ"
"အား....အလုပ်ကိစ္စတွေကြောင့်မေ့နေတာ အမေတို့ဆီ သွားရမှာလေ"
"ဟုတ်တယ် အဲ့တာကြောင့် ကိုအစောကြီးနိုးနေတာ"
"အောင်နိုးနေတာများ မြင့်မြတ်ကိုတစ်ခါတည်းနိုးလိုက်ရင်ပြီးရော
ခုတော့ အောင်စောင့်ရတော့မယ်...မဟုတ်ရင်ခုတောင်သွားနေရပြီ""ကို့ချစ်လေးကို မနိုးရက်ပါဘူး အလုပ်တွေပင်ပန်းနေတာကို"
ဆိုပြီး အောင်အင်္ကျီ၀တ်ရင်း မြင့်မြတ်ကိုပြောနေတော့သည်။"အင်း အဲ့လိုတွေအလိုတွေလိုက်လို့ ချစ်နေတာ"
"ချစ်ရင် အာဘွားပေး"
ESTÁS LEYENDO
If(အကယ်၍...)/{complete}
AventuraAccident ဖြစ်ပြီးနောက် အရာအားလုံးကို မေ့သွားတဲ့ဝိညာဥ်လေး...။ ကိုယ်ချစ်ရသူဟာ မသမာစွာ လုပ်ကြံခံရတယ်လို့ ခံစားရတယ်အထင်နဲ့ စုံစမ်းနေတဲ့ လူတစ်ယောက်...။ ပြီးတော့....ဝိညာဥ်ကို မြင်နေရတဲ့ ကောင်ကလေး....။ သူတို့သုံးဦးကြားက အရှုပ်တွေက ဘယ်လိုရှင်းသွားမှာလဲ...