#Unicode#
"ဒေါက်....ဒေါက်" တံခါးခေါက်သံ ကြားတော့ ဒေါ်မြင့်စိန် တံခါးထဖွင့်လိုက်လေသည်။
"အိုး ဆရာ"
"ဟုတ်ကဲ့ ဒေါ်လေး နေကောင်းရဲ့လား"
"ကောင်းပါတယ်။ ဒါနဲ့ဆရာက"
"အော် လူနာကို CT scanနဲ့ စစ်စရာလေးရှိလို့ပါ"
"CTဆိုတာက"
"အော် ဒေါ်လေး အဲ့တာကလေ လူနာကခေါင်းထိထားတာဆိုတော့ အဲ့ပစ္စည်းနဲ့ ဦးခေါင်းပိုင်းကို စစ်မလို့ပါ"
"အော် ဟုတ်ကဲ့ ရပါတယ်ဆရာရယ် အဒေါ်ရဲ့သားကိုသာ ကယ်ပေးပါ"
"ဟုတ် ကယ်ပေးရမှာပေါ့" လို့ပြောရင်း ဆရာ၀န် ဟန်ဆောင်ထားတဲ့ ရန်နိုင် အထဲ၀င်ကာ လူနာတင်ထားတဲ့ ခုတင်ကို တွန်းထုတ်လာလေသည်။
"ဆရာ အဒေါ်ကောလိုက်ရမလား"
"ရတယ် အဒေါ်၊ အဒေါ်က ပင်ပန်းထားတော့ နားနေလိုက်ပါ။ ကျွန်တော် စစ်ပြီး ပြန်လာပို့ပါမယ်"
"ဟုတ်ကဲ့ပါ ဆရာရယ်"
ဒေါ်မြင့်စိန်တစ်ယောက် ကုတင်လေး ရွေ့သွားတာကို ကြည့်ပြီးတော့ တံခါးကို ပိတ်ကာ ခဏ နားနေလိုက်သည်။ ဒေါ်မြင့်စိန် ခဏ မှေးနေလိုက်သည်မှာ နာရီ၀က် ကျော်ကျော်ရှိသွားပြီ ဖြစ်လေသည်။ ထိုချိန် အခန်းတံခါးလေး ဖွင့်လာတော့ ဒေါ်မြင့်စိန် သားကိုပြန်လာပို့သည် အထင်နှင့်ကြည့်လိုက်တော့ ဆရာမဖြစ်နေလေသည်။
"အဒေါ် လူနာကော"
"ဟင် ဆရာက CTထပ်စစ်ဖို့ခေါ်သွားတယ်လေ"
"ဟမ် အဒေါ် သမီးခုမှ လူနာကို လာစစ်တာပါ"
"အမလေး...ဘယ်လို....ဘယ်လို"
"ဟုတ်တယ် ဆရာက သမီးကို ရှစ်နာရီခွဲကြရင် စစ်ဖို့ မှာထားတာ"
"ဟုတ်လား ဆရာမရေ ဘယ်လိုလုပ်ရမလဲ"
"အဒေါ် စိတ်အေးအေးထားပါအုန်း"
"ဆရာမရေ ဘယ်လိုလုပ် စိတ်အေးနိုင်မှာတုန်း သားကို ဖမ်းခေါ်သွားပြီကို"
"အဒေါ်ဒီမှာစောင့်နေနော် သမီး အကိုအောင်နိုင်သူကို ဖုန်းဆက်ခေါ်ပေးမယ်"
BINABASA MO ANG
If(အကယ်၍...)/{complete}
AdventureAccident ဖြစ်ပြီးနောက် အရာအားလုံးကို မေ့သွားတဲ့ဝိညာဥ်လေး...။ ကိုယ်ချစ်ရသူဟာ မသမာစွာ လုပ်ကြံခံရတယ်လို့ ခံစားရတယ်အထင်နဲ့ စုံစမ်းနေတဲ့ လူတစ်ယောက်...။ ပြီးတော့....ဝိညာဥ်ကို မြင်နေရတဲ့ ကောင်ကလေး....။ သူတို့သုံးဦးကြားက အရှုပ်တွေက ဘယ်လိုရှင်းသွားမှာလဲ...