Extra part 10(final)

1.3K 44 2
                                    

#Unicode#

ဂျူလိုင်လလယ်ထဲ ရောက်လာပြီ ဖြစ်တဲ့ အတွက် မိုးသား တိမ်တိုက်မှာလည်း အုံ့ဆိုင်းနေတော့သည်။ မြင့်မြတ် တစ်ယောက် သီဟ ဆိုင်သို့ လမ်းမှာလေ။ မိုးရာသီကြီးမှာ ထီးလေးတစ်ချောင်းနဲ့ လမ်းလျှောက်ရတာ ဘယ်လောက် စိတ်လှုပ်ရှားဖို့ ကောင်းလဲ သိရဲ့လား။ ချမ်းစိမ့်စိမ့် အရသာလေးရယ်၊ စိုစွတ်နေတဲ့ ပတ်၀န်းကျင်ကြီးမှာ ဘယ်လောက်တောင် စိတ်လှုပ်ရှားလိမ့်မလဲ။
မြင့်မြတ် ရပ်ကာ တွေးနေရင်းမှ ကောင်းကင်ကို မော့ကြည့် လိုက်သည်။

"ဟူး.....မိုးရွာတော့မှာ ပါလား"
မြင့်မြတ် ငြီးလိုက်တော့သည်။ ထီးမပါလို့ဘဲလေ။ ဒါကြောင့်ဘဲ
မြင့်မြတ် ကုန်စုံဆိုင် တစ်ဆိုင်ကို အမြန် ပြေးသွားလိုက်သည်။
ဆိုင်ထဲကနေ ထီးလေး တစ်ချောင်း ၀င်၀ယ်လိုက်သည်။ ဆိုင်က ပြန်ထွက်မည် အလုပ် မိုး‌ဖွဲဖွဲလေးတွေ ကျလာတော့သည်။
မြင့်မြတ် ထီးကလေးကို ဖွင့်ကာ သီဟဆိုင်သို့ သွားရန် ဦးတည်လိုက်သည်။

ထီးပေါ်ကျလာတဲ့ ‌မိုးသံလေးတွေက နားထောင်ရသာ ကောင်းလှသည်။ ပတ်၀န်းကျင် တစ်ခွင်မှာလည်း မိုးရေများက နေရာယူသွားလေသည်။

"သုံးလ"
မြင့်မြတ် ပါးစပ်ကနေ တိုးတိုးလေး ရေရွတ်လိုက်သည်။
သုံးလရှိခဲ့ပြီ ရှိုင်းကိုပျောက်နေတာ။ မြင့်မြတ်တို့ အဲ့နေ့က ရဲတွေရောက်လာတာနဲ့ ဘေးပတ်၀န်းကျင်ကို ရှာကြည့်သေးသည်။
ဒါပေမယ့်လည်း ရှိုင်းကိုရဲ့ အစအနကိုတောင် မတွေ့ရဘူးတဲ့လေ။
ရဲတွေက မြင့်မြတ် ပျောက်သွားတဲ့ ထမင်းဆိုင်ကို သွားကြည့်ခဲ့တော့တယ်။ အဲ့ဆိုင်မှာ ရှိုင်းကို ၀င်သွားတယ်။
ပြန်မထွက်လာပါ။ နောက် အ၀တ်အစား အမည်းကြီးတွေ ၀တ်ထားတဲ့ လူတစ်ယောက် မြင့်မြတ်ရှိနေတဲ့ ကားထဲ ၀င်ပြီး မောင်းထွက်သွားတယ်။ ကားထွက်သွားပြီး အကြာမှ ရှိုင်းကိုက ပြန်ထွက်လာတော့တာ။ ဒါတွေက cctvမှာ ပါတဲ့ အကြောင်း တွေလေ။

မီးပွိုင့်လေးဟာ မီးနီကို ပြောင်းသွားသောကြောင့် မြင့်မြတ် လမ်းဖြတ်ကူးလိုက်သည်။ ခဏကတွေးနေတဲ့ အရာတွေလည်း ပျောက်ကုန်တာပေါ့။ လမ်း‌ဖြတ်ကူးနေရင်းမှ မြင့်မြတ် မျက်နှာချင်းဆိုင်က လျှောက်လာတဲ့ သူကို ကြည့်မိသွားသည်။
ဘာရယ် မဟုတ် မြင်ဖူးနေတဲ့ မျက်နှာထားမလို့လေ။ မြင့်မြတ်ကို ကျော်သွားတော့ မြင့်မြတ်လည်း နောက်လှည့် ကြည့်လိုက်မိသည်။
ပြီးမှ ဘာမှ မဟုတ်ပါဘူး ဆိုကာ ရှေ့ဆက်သွားလိုက်သည်။

If(အကယ်၍...)/{complete}Where stories live. Discover now