#Unicode#
December .1.2017,
မှတ်မိတယ်မလား မြင့်မြတ်တို့ ပထမဆုံးလိုင်းပေါ်မှာ တွေ့ကြတယ်လေ၊ စကားတွေ အများကြီး ပြောဖြစ်ကြတယ်၊ တစ်ယောက် အကြောင်း တစ်ယောက်မေးကြတယ်လေ။ ပြီးတော့ မြင့်မြတ်က အောင်ကိုcrush တယ်လို့ ပြောတဲ့နေ့လေးလေ။*****
"မြင့်မြတ်.......မြင့်မြတ်....ထပါအုန်း...ကို့ကို ထကြည့်ပါအုန်း" လို့ အောင်နိုင်သူ စိတ်ပူစွာဖြင့် မြင့်မြတ်သူကို အော်ခေါ်နေလေသည်။
"မင်းကွာ ဘာလို့ ထားသွားခဲ့တာလဲ ဘာလို့လဲ ဘာလို့လဲ။ မြင့်မြတ်ရာ မမိုက်ဘူးကွာ.....တောက်! "
"အမလေး.....အမလေး.......မြတ်စွာဘုရား ကယ်တော်မူပါအုန်း" လို့ အသံတုန်ရီစွာ ပြောနေသော မြင့်မြတ်သူရဲ့ အမေသည် မြင့်မြတ် ခုတင်နားသို့ ရောက်လာလေတော့၏။
"သားရယ်ဘယ်လိုဖြစ်ရတာလဲ....အမေ့ကိုကြည့်ပါအုန်း....အမေ့ကိုထားခဲ့ပြီလား" လို့ ဒေါ်မြင့်စိန် အော်ကြီးဟစ်ကျယ်ဖြင့် ငိုချလိုက်တော့သည်။
"အန်တီရယ် မငိုပါနဲ့ မြင့်မြတ်က မေ့နေတာပါ။ အန်တီနဲ့ သားကိုထားမခဲ့ပါဘူး။ ဆရာဝန်ကလည်း စစ်ကြည့်ပြီးပြီတဲ့လေ။ အခြေအနေကြောင့် မေ့နေတာတဲ့။ ဒါပေမဲ့လည်း ကိုမာ ဖြစ်ချင်ဖြစ်နိုင်တယ်တဲ့လေ"
"ဘာ ဘယ်လိုပြောလိုက်တယ်"
"ဟုတ်တယ် အန်တီ ကိုမာဖြစ်နိုင်တယ်တဲ့"
"ခု မြင့်မြတ်က ဘယ်မှာတဲ့လဲ"
"ဆရာ၀န်တွေက ထပ်စစ်စရာရှိသေးလို့တဲ့"
"သူဒီလိုဖြစ်တာ မင်းကဘာလို့မသိတာလဲ....ဘာလို့လဲ" ဆိုပြီး အောင်နိုင်သူရဲ့ ရင်ဘက်ကို လက်ကလေးနဲ့ထုကာ ငိုယိုပြီး ပြောနေတဲ့ ဒေါ်မြင့်စိန်တစ်ယောက် အရူးမကြီးတစ်ယောက်လို ဖြစ်နေလေသည်။
တစ်ဖက်မှာလည်း အောင်နိုင်သူက ဘာမှ မပြောနိုင်လောက်အောင် မျက်ရည်များ ပေါက်ပေါက်ကျကာ ဒီအတိုင်းလေး ရပ်နေလေသည်။
"အွန်း...ခေါင်းမူးလိုက်တာ၊ ဘာတွေ ဖြစ်နေကြတာလဲ မသိဘူး။ အွန်း...." ဆိုပြီး မျက်လုံးကို မနဲအားယူကာ ဖွင့်လိုက်ပြီး ပထမဆုံး မြင်ရတာက နံရံဖြူကြီးတစ်ခု။ ဘေးကို လှည့်ကြည့်လိုက်တော့ ခန်းဆီးလိုက်ကာ အပြာရောင်လေး တွေ့လိုက်ရသည်။ လိုက်ကာက ကွယ်ထားတာကြောင့် မြင့်မြတ် ဘာမှမမြင်ရပါ။
BẠN ĐANG ĐỌC
If(အကယ်၍...)/{complete}
Phiêu lưuAccident ဖြစ်ပြီးနောက် အရာအားလုံးကို မေ့သွားတဲ့ဝိညာဥ်လေး...။ ကိုယ်ချစ်ရသူဟာ မသမာစွာ လုပ်ကြံခံရတယ်လို့ ခံစားရတယ်အထင်နဲ့ စုံစမ်းနေတဲ့ လူတစ်ယောက်...။ ပြီးတော့....ဝိညာဥ်ကို မြင်နေရတဲ့ ကောင်ကလေး....။ သူတို့သုံးဦးကြားက အရှုပ်တွေက ဘယ်လိုရှင်းသွားမှာလဲ...