Extra part 4

396 53 1
                                    

#Unicode#

မြင့်မြတ် ပြင်ဦးလွင်က ပြန်ရောက်ရောက်ချင်းဘဲ အလုပ်တွေနဲ့ ပြည့်နေတော့တာလေ။ မြင့်မြတ် အလုပ်တွေ ပြီးတာနဲ့ဘဲ သီဟကို တစ်ခြား cafeဆိုင်ကို လာဖို့ messageပို့လိုက်တော့တယ်။
မြင့်မြတ် cafeကိုရောက်နေတာ ဆယ်ငါးမိနစ်လောက်ရှိနေပြီလေ။
စားပွဲပေါ် တင်ထားတဲ့ ကော်ဖီခွက်လေးကို မြင့်မြတ် တစ်ငုံသောက်လိုက်ရင်း ဆိုင်တံခါးပေါက်ကို
လှမ်းကြည့်မိလိုက်သည်။ သီဟမလာသေးတာကြောင့် မြင့်မြတ် ထပ်စောင့်နေလိုက်‌လေသည်။

မကြာပါဘူး ဆိုင်တံခါးဖွင့်ကာ မြင့်မြတ်နားကို သီဟ အပြေးလေးရောက်လာတော့သည်။

"ဆောရီး အကို ‌အရမ်းကြီး စောင့်လိုက်ရလား"

"သိပ်တော့ မစောင့်လိုက်ရပါဘူး ခဏပါဘဲ"

"ဟုတ်လား ဆိုင်မှာကလည်း ဧည့်သည်များနေလို့လေ"

"ရပါတယ်"

"ခု အကိုဘာပြောမှာလည်းဟင်"ဟု သီဟမေးလိုက်တော့
မြင့်မြတ်ကနေပြီး ကော်ဖီတစ်ငုံထပ်သောက်လိုက်ကာ

"ပြောစရာတော့ ထွေထွေထူးထူးမရှိပါဘူး၊ ဒါပေမယ့်လေ သီဟနဲ့ တိုင်ပင်စရာရှိလို့"

"တိုင်ပင်စရာ ဟုတ်လား"ဆိုပြီး သီဟ အံ့အားသင့်သွားသည့် ပုံစံဖြင့်ပြောလိုက်လေသည်။

"အင်း သီဟကိုဘဲပြောပြမလို့"

"အမ်...အဲ့တာဆို အကိုအောင်နိုင်သူကို surpriseလုပ်ပေးဖို့လား"

"မဟုတ်ရပါဘူး ဟိုတစ်ခါ အကိုပြောတဲ့ ကိစ္စလေ"

"ဟို ဝိညာဉ်များကပ်နေတာလား ဆိုတဲ့ ကိစ္စလား"

"ဟုတ်တယ်"

"ဘာထပ်ဖြစ်လို့လဲ အကို"

"အကို ပြင်ဦးလွင်ကို သွားတော့လေ"

"အင်း"

"အကိုအဲ့မှာလည်း ထပ်ပြီးခံစားလိုက်ရတယ်"

"ဟင်"

"ဒီတစ်ခါက အကိုနဲ့ အရမ်းကို နီးကပ်လာတယ်လို့ ခံစားလိုက်ရတာ၊
သိတယ်မလား တစ်ယောက်ယောက်က နောက်မှာ အရမ်းနီးကပ်ကပ်ရပ်နေသလိုမျိုးလေ"

If(အကယ်၍...)/{complete}Tempat cerita menjadi hidup. Temukan sekarang