Ep 20

616 74 0
                                    

#Unicode#

ရန်နိုင် တစ်ယောက်တည်း အခန်းကျဥ်း‌‌လေးထဲမှာ တစ်ယောက်တည်း ကျယ်လောင်စွာ ပြောနေလေသည်။

"မြင့်မြတ်နဲ့ ကိုနဲ့ အတူတူ အဝေးကို ထွက်သွားကြမယ်။ တိတ်ဆိတ်နေတဲ့ နေရာကိုလေ မကောင်းဘူးလား" ဆိုပြီးတော့လည်း ရန်နိုင်တစ်ယောက် ကုတင်ပေါ်က မြင့်မြတ်ပါးလေးကို အသာလေးကိုင်ရင်း ပြောနေသေး၏။

"ကို့ကို အချိန် ခဏလောက်ဘဲပေးပါ မြင့်မြတ်ရယ် ၊ မြင့်မြတ်ချစ်လာတဲ့ အထိ ကိုကြိုးစားမယ်နော်"

ရန်နိုင်တစ်ယောက် သက်သေပစ္စည်းတွေ သူ့ဆီမှာ ရှိသည်အထင်နှင့် လုပ်ချင်ရာ လုပ်နေလေသည်။ ခုလည်း မြင့်မြတ်ကို ခေါ်လာပြီး ဖွက်ထားလေ တော့သည်။

ရဲစခန်းတွင်တော့

"အကို အောင်နိုင်သူ ဒီလိုပုံစံဆို အကိုမြင့်မြတ်က အပြစ်မရှိကြောင်း သေချာသွားပြီဘဲ" သီဟကနေမှ ရဲမှူးကြီး ကြားအောင် ပြောလိုက်သည်။

"ဟုတ်တယ် ရဲမှူးကြီး" အောင်နိုင်သူက သီဟရဲ့ စကားကို ထောက်ခံလေသည်။

"ဒါပေမယ့်လို့ ရန်နိုင်လည်း ထိုaccidentမှာ ရှိနေတယ်ဆိုတဲ့ သက်သေဘဲရလာမှာလေ"

"ဟင် ...ဘာကိုပြောချင်တာလဲ ရဲမှူး"

ရဲမှူး၏ စကားကြောင့် အောင်နိုင်သူ နားမလည်ဖြစ်ကာ မေးလိုက်ခြင်း ဖြစ်သည်။

"ဒီလိုလေ cctv မှတ်တမ်းမှာလဲ မြင့်မြတ်သူက ကားမောင်းတဲ့ ဘက်ခြမ်းမှာမရှိနေဘူးလေ။ ပြီးတော့ အရေးပေါ် ကားခေါ်တဲ့သူကလည်း လူတစ်ယောက်က မြင့်မြတ်သူဆိုတဲ့ နာမည်ပြောပြီး ပြေးသွားတယ်‌တဲ့လေ"

"အဲ့တာဆို ရန်နိုင် သတ်တာလဲ မဟုတ်သလို ဒီအတိုင်း accidentဖြစ်လို့ ရန်နိုင်က ကိုယ်လွတ်ရုန်း ထွက်ပြေးတယ် ပြောချင်တာလား" အောင်နိုင်သူ ‌ပြန်ပြောလေသည်။

"ဟုတ်တယ် အကိုအောင်နိုင်သူရေ အခုအသံဖိုင်ကို နားထောင်ပြီး‌တော့ အဲ့လိုဖြစ်ဖို့များတယ်"

"ဟာ...ဗျာ ဘယ်လိုလုပ်ရမလဲ၊ ဒါဆို မြင့်မြတ်က အပြစ်ခံယူရမှာလား"

If(အကယ်၍...)/{complete}Where stories live. Discover now