Extra part 6

356 39 1
                                    

#Unicode#

သီဟ တစ်‌ယောက် ကားစီးပြီး ဆိုင်သို့ ပြန်လာ နေပေမယ့်လည်း စိတ်ထဲမှာတော့ မြင့်မြတ်သူကို စိတ်ပူနေလေသည်။ ကား ပြတင်းဘက်လှည့်ကာ သက်ပြင်းချလိုက်တော့သည်။ သီဟ သက်ပြင်းချသံက ကျယ်သွားလို့ ထင်ပါရဲ့။ ကိုက သီဟကို ကြည့်နေတာကို သီဟ မှန်ထဲကနေ မြင်နေရ၏။ ကိုက သီဟရဲ့ ပုခုံးကို ပွတ်သပ်ပေးနေသည်။

"သီဟရယ် ဘာတွေ သက်ပြင်းချစရာရှိလို့လဲ"

သီဟ မြတ်မင်း၏ စကားကို ကြားလျှင် ကြားချင်း မြတ်မင်းဘက်လှည့်လိုက်ကာ

"ဘာရယ် မဟုတ်ပါဘူး။ အကိုမြင့်မြတ်ကို တွေးပြီး စိတ်ပူသွားလို့ပါ"

"အကိုမြင့်မြတ်ကို စိတ်ပူတယ်"

"ဟုတ်တယ်လေ။ အဲ့ဦးလေး....မဟုတ်ဘူး....အဲ့ဝိညာဉ်က ပြောခဲ့တယ်လေ၊ မကောင်းတာခံစား နေရတယ် ဆိုပြီးတော့လေ"

"အင်းလေ၊ ဘာဖြစ်လို့လဲ"

"အဲ့ မကောင်းတဲ့ ခံစားချက်က အကိုမြင့်မြတ်ကို ပြောတာလား မသိ။ ပြီးတော့ ဝိညာဉ်ကပြောလိုက်တာဆိုတော့ တော်တော်လေး
လန့်မိသွားလို့ပါ"

"သီဟရယ် အကိုမြင့်မြတ်က ဘာမှ မဖြစ်လောက်ပါဘူး။
မကောင်းတာကလည်း အသက် အန္တရာယ်ကိုပြောတာ မဟုတ်လောက်ဘူးနေမှာပါ"

"ဒါပေမယ့်လည်း"

"ဒါပေမယ့် ဘာဖြစ်တာလဲ"

"အကိုမြင့်မြတ်က အရင်တစ်ခေါက်ကလို"သီဟပြောပြီး
စကားရပ်လိုက်သည်။

"အကိုမြင့်မြတ်က ကြံ့ခိုင်ပြီးသားပါ။ အရင်တစ်ခေါက်ကလို ကြုံခဲ့ရင် သူဘာလုပ်ရမယ်ဆိုတာ သိမှာပါ။ အရင်တစ်ခေါက်ကသာ ဝိညာဉ်ဖြစ်နေတာမလို့ပါ"

"အင်းပါ ကိုပြောသလိုဘဲ ဖြေသိမ့်ရမှာပေါ့"

"ဘာမှမဖြစ်ဘူး စိတ်ချလိုက်"
ဟုပြောကာ သီဟလက်တစ်‌ဖက်ကို ကိုင်ဆုပ်ထားတော့သည်။
သီဟ ထိုလက်လေးကို ကြည့်လိုက်သည်။ နွေးထွေးသော ခံစားချက်၊ ဂရုစိုက်သော ခံစားချက်ကို ခံစားစေရလေသည်။ သီဟ မြတ်မင်းကို တစ်ချက်ပြန်ကြည့်လိုက်သည်။ ကားမောင်းနေတော့ သီဟဘက်ကို လှည့်ကြည့်ဖို့ မအားချေ။ ဒါနဲ့ သီဟလည်း

If(အကယ်၍...)/{complete}Dove le storie prendono vita. Scoprilo ora