Extra part 7

306 35 3
                                    

#Unicode#

မြင့်မြတ် တစ်ယောက် ကိုင်လာတဲ့ ကော်ဖီခွက်လေးကို ဘေးကစားပွဲပေါ် ခဏတင်ထားလိုက်သည်။ ထို့နောက် ထိုပါဆယ်ထုပ် တင်ထားတဲ့ စားပွဲနားသို့ ခြေလှမ်းခပ်သွက်သွက် ဖြင့်သွားလိုက်၏။ စားပွဲနားသို့ ရောက်တော့ ပါဆယ်ထုပ်ကို လုံးစေ့ပတ်စေ့ ကြည့်လိုက်လေသည်။ မနေ့တုန်းကအတိုင်းပင်။ တစ်ချို့နေရာလေးတွေမှာ တွန့်နေလေ၏။ မြင့်မြတ် ပါတယ်ထုပ်ကို ကောက်ကိုင်လိုက်သည်။ စက္ကူစကို ဆုပ်ဖို့ အားယူလိုက်တော့သည်။
ထိုအချိန် တံခါးက ရုတ်တရက် ဖွင့်လာတော့သည်။ မြင့်မြတ်လည်း ပါဆယ်ထုပ်ကို ပြန်ချလိုက်ပြီး တံခါးဖက် လှည့်လိုက်လေ၏။

တံခါး၀မှာ ရပ်နေတဲ့ လင်းနဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ လင်းကတော့ ပြုံးရွှင်နေလေရဲ့။ မြင့်မြတ် ထိုကောင်လေးကို အရင်ကြည့်လိုက်တယ်။ ပြီးတော့မှ လင်းကို တစ်ချက်ပြန်ကြည့်လိုက်တယ်။ ဘယ်သူလဲ ဆိုတဲ့ အထာနဲ့ပေါ့။
လင်းက မြင့်မြတ် မန်နေဂျာလို့ မပြောရဘူး။ မြင့်မြတ် မျက်နှာ အမူအရာ မြင်တာနဲ့ ဘာပြောရမယ်၊ ဘာလုပ်ရမယ်ဆိုတာ တန်းသိနေတာလေ။ ခုလည်း လင်းတစ်ခုခုကိုပြောတော့မယ် ထင်တယ်။

"အကို ဒီကတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့"
လင်းအသံက ခါတိုင်းနဲ့မတူ။ ရွှင်ပြပြ ဖြစ်နေတယ်လေ။
ဒါနဲ့ မြင့်မြတ်လည်း

"အင်း ရတယ်လေ"

"ဟုတ်ပြီ....ဒီက တစ်ယောက်က ရှိုင်းကိုတဲ့ ခုကစပြီး အကို့မန်နေဂျာဖြစ်မှာ"
လင်းပြောလိုက်တဲ့ စကားကြောင့် မြင့်မြတ် အံ့အားသင့်သွားသည်။
ခုမှလာပြီး မန်နေဂျာပြောင်းလိုက်ရင် ဘယ်ရမလဲ။ လင်းက မြင့်မြတ်အကြောင်းကို သိနေပြီးသားသူလေ။ မြင့်မြတ် ခဏလောက် တွေဝေနေပြီးမှ

"အဲ့တာဆို လင်းကရော"လို့မေးလိုက်တော့သည်။

"လင်းကလား....လင်းက ကုမ္မဏီ ဒါရိုက်တာနဲ့ အတူ နေပြည်တော် လိုက်သွားရမှာ။ အတွင်းရေးမှူး အနေနဲ့ဆိုလားဘဲ"

"ဟင် အကိုလည်း မသိရပါလား"

"ဟုတ်တယ် လင်းလည်း ခုမှသိလိုက်ရတာ"

If(အကယ်၍...)/{complete}Où les histoires vivent. Découvrez maintenant