#Unicode#
"သမီး သမီးလေး သီရိ"
လူအုပ်ကြားထဲကနေ မိမိကို ခေါ်သံကြားလိုက်တာကြောင့် သီရိ ဝေ့ကာဝဲကာ ရှာကြည့်တော့သည်။ နောက်ဆုံးတော့ သီရိဆီလာနေတဲ့ အမေ့ကို တွေ့လိုက်ရတော့သည်။ ဒါနဲ့ သီရိလည်း အမေ့ဆီ အပြေးအလွှားလေး သွားလိုက်လေသည်။
"ဟာ အမေလာကြိုတယ်ပေါ့။ မကြိုလည်းရပါတယ်ဆို" ဟု ပြောကာ အမေဖြစ်သူကို ဖက်လိုက်လေသည်။
"ကိုယ့်သမီးလေး ပြန်လာတာကို ကြိုရမှာပေါ့"
"ဟုတ်ပါပြီ အဲ့တာကြောင့် သမီးကချစ်နေတာ"ဆိုပြီး သီရိ အမေဖြစ်သူကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်လေသည်။
"ငါ့သမီးလေးပိန်သွားလိုက်တာ"
"အဲ့တာအမေတို့ကို လွမ်းလို့ပါနော်"
"အမယ်လေး အပိုတွေ၊ အလုပ်တွေကို ဇွတ်လုပ်နေပြီးတော့များ"
"ဟီး....ဒါနဲ့ သမီးစလုပ်တဲ့ Yan Entertainmentကြီးကော"
"အော် အဲ့တာလား အမှုကိစ္စကြောင့်ပိတ်ထားတယ်လေ၊ဘာလို့လဲ"
"ဘာမှမဟုတ်ပါဘူး ဒီအတိုင်းပါဘဲ"
"ရန်နိုင် နောက်ဆုံးတော့ရောက်လာခဲ့ပြီပေါ့လေ"လို့တွေးရင်း
မဲ့ပြုံးလေး ပြုံးနေရင်း အမေက
"သမီး" လို့ လှမ်းခေါ်လိုက်တော့ အမေဖြစ်သူရဲ့ လက်လေးကိုဆွဲပြီး ကားဆီသို့ သွားလိုက်ကြတော့သည်။ သီရိ လန်ဒန်ကနေ ပြန်လာခြင်းဖြစ်လေသည်။ လန်ဒန်မှာ short flimရိုက်နေတုန်း ရန်နိုင်ရဲ့ သတင်းတွေတက်လာတယ်လေ။ ဒါကို တစ်ဖက်companyက တွေ့တော့ yan entertainmentနဲ့ စာချုပ် ချုပ်ဆိုထားတာကို ဖျက်လိုက်တော့တာဘဲ။
သီရိ ချက်ချင်းပြန်လာလို့ရပေမယ့် တစ်ခြား swin suit companyက သီရိ ကိုယ်လုံးကိုယ်ပေါက်ကို ကြိုက်တယ်ဆိုပြီး ကမ်းလှမ်းလာတယ်လေ။ ဒါနဲ့ဘဲ သီရိလည်း လက်ခံလိုက်တော့တာ။
ခုက သီရိနဲ့ ရိုက်ရမယ့် photo shootingလေးပြီးလို့ ပြန်လာခဲ့တာလေ။ နောက်ဆို မြန်မာနိုင်ငံကနေဘဲ photoရိုက်ပြီး လန်ဒန်ကို ပို့ပေးရတော့မှာလေ။ ဒါကြောင့် သီရိလည်း မြန်မာနိုင်ငံမှာ ကြာကြာနေရတော့မှာပေါ့လေ။ သီရိပြုံးကာ ကားအပြင်ဘက်ကို ကြည့်နေတော့သည်။
أنت تقرأ
If(အကယ်၍...)/{complete}
مغامرةAccident ဖြစ်ပြီးနောက် အရာအားလုံးကို မေ့သွားတဲ့ဝိညာဥ်လေး...။ ကိုယ်ချစ်ရသူဟာ မသမာစွာ လုပ်ကြံခံရတယ်လို့ ခံစားရတယ်အထင်နဲ့ စုံစမ်းနေတဲ့ လူတစ်ယောက်...။ ပြီးတော့....ဝိညာဥ်ကို မြင်နေရတဲ့ ကောင်ကလေး....။ သူတို့သုံးဦးကြားက အရှုပ်တွေက ဘယ်လိုရှင်းသွားမှာလဲ...