1

17K 609 29
                                    

Unicode

"အနီ မြင်ရဲ့လား အဲ့တစ်ယောက်ပေါ့ ငါပြောတာ "

နွယ် ပြတဲ့နေရာဆီသို့ လှမ်းကြည့်မိပြီး အနီ့ မျက်ခုံးတန်းတွေက အလိုလိုကျုံ့သွားတာကို နွယ် မြင်လိုက်ရသည် ။
နွယ်တို့ အခုရောက်နေတာက Club  တစ်ခုဖြစ်ပြီး ဆူညံစွာ ကခုန်နေကြသူတွေ အများကြီးရှိတဲ့နေရာကို နွယ် က လာလေ့ရှိသူမဟုတ် ၊ နွယ် တင် မဟုတ် အနီ လည်း ဒီလိုနေရာမျိုးကို သိပ်မကြိုက်တတ် ။ နွယ် တို့ နှစ်ယောက်လုံး လူတစ်ယောက်ကို လာရှာကြခြင်း ဖြစ်လေသည်။
ကံကောင်းသည်ဟုဆိုရမည် ။ နွယ် မှတ်ဥာဏ်ထဲဖြတ်သွားဖြတ်လာ မှတ်မိခဲ့ဖူးသော ထိုအမျိုးသမီးကို သိပ်မရှာလိုက်ရပဲ တွေ့လိုက်ရသည် ။

နွယ် လက်ညိုးပြသည့်နေရာတွင် ရှိနေသည်က တအားချောမောနေတာမျိုးလည်း မဟုတ်ပေမယ့် ဆက်ဆီကျတဲ့ မိန်းကလေးတစ်ယောက်ကို သာမာန်မြင်ဖူးနေကျပုံစံနှင့်ပင် တွေ့လိုက်ရပေမယ့် ထိုတစ်ယောက်ဆိုတာကို ချက်ချင်း သိသွားသည်က ဘယ်လို အာရုံခံစားမှုမျိုးလဲ ။

နားရွက်ဖုံးရုံတင်ရှိတဲ့ ဆံပင်တိုတိုလေး လေးက ဟိုတစ် ဒီတစ်စ မညီမညာဖြစ်နေတာကပဲ ဆွဲဆောင်မှု တစ်မျိုးလို ဖြစ်နေပြီး ခပ်ကျပ်ကျပ် ဝတ်ထားတဲ့ အင်္ကျီ အနက်ရောင်က လုံခြုံတယ်ထင်ရပေမယ့် ခန္ဓာကိုယ် ကောက်ကြောင်းက အထင်းသား ၊ ဝတ်ထားတဲ့ စကပ်ကလည်း တိုလိုက်သည်မှ ပေါင်တံသွယ်သွယ်လေးက မီးရောင်မှိန်မှိန်အောက်မှာတောင် ထင်းလင်းနေသည် ။

နွယ်တို့ ကြည့်နေရင်း၌ပင် သူမ နှင့်အတူထိုင်နေတဲ့ လူကြီးက လက်တွေနဲ့ ထိုသူမ၏ပေါင်တံလုံးလုံးလေးကို လှမ်းကိုင်လိုက်တာကို မြင်လိုက်ရသည် ။ သူမ မျက်နှာ တစ်ချက် ပျက်သွားပြီး တစ်ခုခုပြောဟန်ပြင်လိုက်တော့ ထိုလူကြီးက ထီမထင် အပြုံးနဲ့  ပိုက်ဆံအထပ်လိုက် ထုတ်ပေးလိုက်တဲ့အခါ ဝင်းလက်သွားတဲ့ မျက်လုံးတွေက ဘယ်လိုလူမျိုးလဲဆိုတာ ဖော်ပြနေသည် ဟု နွယ် စိတ်မသက်မသာ တစ်ချက် တွေးလိုက်မိ၏ ။

အမှတ်တမဲ့ အနီ့မျက်နာကို လှမ်းကြည့်လိုက်တော့ အနီ လည်း ထိုဝိုင်းကိုပဲ စူးစူးရဲရဲ စိုက်ကြည့်နေတာကို မြင်ရသည် ။ အနီက သူမနှုတ်ခမ်းတွေကိုလည်း ဖိကိုက်ထားပြီး အနီ့ မျက်ဝန်းတွေထဲမှာ မျက်ရည်တွေပါ တောက်လောင်နေသလို ထင်ရ၏ ။

The Red Soul Where stories live. Discover now