28

3.9K 408 14
                                    

Unicode



"ငါ ထွက်သွားတော့မယ် အနီ ကြားရဲ့လား "

ဒီစကား ပြောဖို့အတွက် Two အရှိန်ယူနေခဲ့ရတာ အကြာကြီးပဲ ဖြစ်သည် ။ အနီ အလုပ်တွေပြီးတဲ့အချိန်မှဆိုပြီး အချိန်လည်းဆွဲထားခဲ့တာက အနီ့အတွက်ရယ်လား ကိုယ့်ကိုကိုယ်အတွက်လား
မသိပေမယ့် ဒီစကားတစ်ခွန်း ထွက်နိုင်ဖို့က
two အတွက်တော့ တော်တော်မလွယ်ကူခဲ့တာဖြစ်သည်။ ဒီအချိန်မှာ မဖြစ်မနေပြောမှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ဘာတွေက တွန့်ဆုတ်စေမှန်းမသိပဲ အတော်လေး အားယူပြီး ပြောပြလိုက်ရတာ ဖြစ်သည် ။

အနီ ကတော့ Two ထင်ထားသည်ထက်ပင်
ပိုပြီး တုန်လှုပ်နေသေး၏ ။ အတော်ကြာအထိ
ဘာစကားမှမပြောပဲ  နံရံမှာ ခပ်လျော့လျော့ မှီရပ်ပြီး မျက်လုံးကို စုံမှိတ်ထားတဲ့ အနီ့ ပုံစံက Two တစ်ခါမှ မမြင်ဖူးလောက်တဲ့ အားလျော့နေမှုမျိုးပဲ ။ ဘယ်နေရာမဆို ယုံကြည်မှုအပြည့်ရှိတဲ့ အနီက ခပ်လျော့လျော့ လေသံတိုးသက်သက်နဲ့ စကားစသည်  ။

"ဘာလို့လဲ .. "

ဘာလို့လဲ တဲ့ အနီ့ မေးခွန်းအတွက် အဖြေက Two ဆီမှာ အသင့်ရှိနေပြီးသားပဲ တကယ်ဖြေချလိုက်ဖို့ မဖြစ်နိုင်တာပဲ ရှိတာ ။ အနီရင့် ဆိုတဲ့ ထိုမိန်းကလေး ကို တအားချစ်မိသွားပြီဆိုတဲ့ ခံစားချက် ၊ ဒီ့ထက် အနားမှာနေမိရင် ဘယ်တော့မှအသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်တော့ဘူးဆိုတဲ့ ခံစားချက် ၊ အဲ့ဒါတွေအကုန်လုံး အနီ့ကို ပြောပြလိုက်ရင် ထွက်သွားခွင့် ပေးမှာမို့လို့လား ။သေချာတာတော့ အနီဟာ Two ကို
သူမရဲ့ ဆွဲဆောင်မှုတွေကြားထဲ လှောင်ပိတ်ထားပြီးမှ Two ကို အနီ မရှိတဲ့အရပ်ကို စွန့်ပစ်လိုက်မှာပဲ ။အဲ့ဒီအချိန်ကျ Two သေဆုံးခြင်းနဲ့ ရှင်သန်ရမှာပဲ ။ အဲ့လိုအခြေအနေထိ မရောက်ခင် ထွက်သွားလိုက်ချင်တာက Two တစ်ကိုယ်ကောင်းဆန်သည်ဟုလည်း ဆိုပါစေတော့ ။ မမ ထွက်ခွါသွားပြီးသည့်နောက်မှာ အနီပါ ဘဝ ထဲက ထွက်သွားမည်ဆိုပါက ။

"ငါတို့ အတူဆက်ရှိနေဖို့ အကြောင်းမှ မရှိတော့တာ ငါလည်း ငွေမလိုအပ်တော့ဘူးလေ ၊ ငါက အဲ့လိုမိန်းမမျိုးဆိုတာ အနီ အစကတည်းက သိခဲ့တာပဲမှလား "

The Red Soul Onde histórias criam vida. Descubra agora