7

4.9K 452 18
                                    

Unicode


"သူ့နာမည်က မောင်အောင်မြတ်ကျော် တဲ့ "

ညစာစားပွဲဝိုင်းမှာ အချိန် အတော်ကြာတဲ့အထိ မစားရသေးပဲ စောင့်ခိုင်းနေတာ ဘာလို့ပါလိမ့်ဟု အနီ စဉ်းစားနေမိသေးတာ ။ နောက်ဆုံးတော့
ဥပဓိရုပ်ကောင်းကောင်းနဲ့ အနီ့ထက် အနည်းငယ် အသက်ကြီးဟန်ရှိတဲ့ အမျိုးသားတစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ ကြံစည်နေတာကို ရိမ်မိတော့ အနီ နှာခေါင်းရှုံ့မိသည် ။

"တောင်းပန်ပါတယ် အန်ကယ်
လူနာတစ်ယောက် အရေးပေါ်ဖြစ်နေတာ မို့လို့
နည်းနည်း နောက်ကျသွားတယ် "

အနီ့ကို လှမ်းပြုံးပြရင်း ဖေဖေ့ကို တောင်းပန်တော့ အနီ့ မျက်ခုံးတစ်ဖက်က အလိုလို မြှင့်တက်သွားသည် ။ ဒါဆို အဲ့ဒီလူကလည်း ဖေဖေတို့လိုဆရာဝန် တစ်ယောက်ပဲ ဖြစ်မှာပေါ့ ။

"သူက အန်ကယ့် သမီး အနီရင့် လေ
မောင်ရင့်ကို ပြောပြထားပြီးသားလိုပဲ နောက်ဆို အဲ့ဒီဆေးရုံကြီးကို သူပဲ ဦးစီးတော့မှာလေ "

"ဖေဖေ .. အနီက "

ဆက်မပြောဖို့ကို မေမေက လှမ်း အရိပ်အခြေပြသည်။ သူစိမ်းတစ်ယောက် ရှေ့မှာ ရုပ်ပျက်ဆင်းပျက် ဖြစ်မနေချင်တာမို့ အနီက
ဘာမှဆက်မပြောတော့ပဲ ငြိမ်နေလိုက်ရပေမယ့်
တကယ်ဆို အနီတို့ရဲ့ ဆေးရုံကြီးကို ဦးစီးဖို့ အနီ့မှာ ဘာအစီအစဉ်မှမရှိ ။

"သူက ကျောက်ကပ်ဋ္ဌာန မှာ လက်ထောက်
အထူးကု လေ ၊ အရမ်းတော်တဲ့ လူငယ်လေးပေါ့ "

"မဟုတ်တာဗျာ
အဲ့လောက်ထိလည်း မဟုတ်ပါဘူး "

"မေမေ အနီ ဗိုက်ဆာနေပြီ "

ချီးကျူးခန်း ဖွင့်နေတာတွေရော ချီးကျူးခံရသူက မနေတတ်မထိုင်တတ် ဖြစ်နေတာတွေရော ကြည့်နေရင်း မျက်စိနောက်လာတာမို့ အစားအသောက်ဘက် အာရုံပြောင်းလိုက်ပေမယ့် အနီ ဘာမှ စားချင်စိတ်ကို မရှိတော့ ပေ ။
ဖေဖေ နဲ့ မေမေ ဘာခြေလှမ်းတွေ စနေတယ်ဆိုတာ အနီ က အရှေ့ထိ လှမ်းမြင်နေရတာမို့လို့ပင်ဖြစ်သည် ။

အနီထင်ထားသည့်အတိုင်း ထို ဆရာဝန်လေး ပြန်သွားပြီးတဲ့နောက်မှာ ဖေဖေ က စကားစသည် ။

The Red Soul Where stories live. Discover now