31

4.2K 403 30
                                    

Unicode

"မေမေ အနီ ပြောမယ် "

အနီက ဒီအခြေအနေကို ဝင်ထိန်းပေးဖို့ ကြိုးစားပေမယ့်အနီ့ အမေ ဖြစ်သူက အနီ့ကိုကျော်ပြီးတော့ Two ကို လှမ်းပြောလာသည် ။

"ငါ မင်းနဲ့ပဲ ပြောချင်တယ် ရမလား
အနီရင့် နောက်မှာ ပုန်းရပ်နေဖို့ စိတ်ကူးမရှိရင်ပေါ့ "

"အစကတည်းက ပုန်းရပ်နေတာ မဟုတ်တာမို့လို့
ရပါတယ် ၊ ဘယ်မှာ ပြောကြမလဲ "

"Two !! "

အနီက လှမ်းတားဖို့ တစ်ခုခု ပြောဟန်ပြင်လိုက်ပေမယ့် စိတ်ချဖို့ မျက်စိမှိတ်ပြလိုက်တော့ စိုးရိမ်သည့် အကြည့်များနှင့်သာ ငေးကြည့်နေခဲ့သည် ။

ဒီတစ်ခါတော့ ဆိုင်တစ်ဆိုင်မှာ မဟုတ်တာမို့
ရေခွက်တို့ စားပွဲဝိုင်းတို့တောင် ကြားထဲမှာ ကာခြားမနေတော့ အကြည့်တွေက ကျောက်တုံးသာဆို  ပွတ်တိုက်မှုကြောင့် မီးထတောက်မှာ ကျိန်းသေသည် ။

"ထပ်ပြီးတော့ ဘာလို့ မင်းပဲ ဖြစ်နေရတာလဲ
မိန်းမ တစ်ယောက် ဆိုတာ သိပေမယ့် မင်းကပဲ ထပ်ပြီး မျက်နှာပြောင်တိုက်လိမ့်မယ်လို့ မထင်ခဲ့ဖူးလေ  "

"တောင်းပန်ပါတယ် "

အရင်တစ်ခါက သူမ တွေ့ခဲ့တဲ့ အရိုင်းအစိုင်းလေးက တောင်းပန်ပါတယ်ဆိုတဲ့ စကားကို နှိမ့်ချစွာ ပြောလေသောအခါ မယုံကြည်နိုင်စွာ ပါးစပ်အဟောင်းသား ဖြစ်နေပြီးပြောချပစ်လိုက်ဖို့ ပြင်ထားသမျှတွေ မေ့သွားဟန်တူသည် ။ ထိုစကားကလွဲရင် Two မှာလည်း ပြောစရာစကားမရှိပေ ။

"အနီရင့် ကို ဘယ်လောက်ထိ သိလို့လဲ ၊
သူက နင့်ဆီက လှည့်စားခံရတိုင်း သူ့အကိုလိုမျိုး
ပျော့ပျော့ညံ့ညံ့ အဆုံးသတ်မှာ မဟုတ်ဘူး "

"သိပါတယ် ၊ ဒါပေမယ့်
ကျွန်မလည်း အနီ့ကို လှည့်စားနေတာ မဟုတ်လို့
လိပ်ပြာလုံပါတယ် ၊ အနီ့အနားမှာ ရှိနေတာက စိတ်ရင်းတွေပါ အနီ မောင်းမထုတ်သရွေ့ အနီ့အနား နေ ထွက်သွားမှာ မဟုတ်လို့ သတ်ချင်လည်း သတ်ပါ  "

အနီ့ အမေ မျက်နှာက ရဲတောက်လာသည် ။
ဒေါသထွက်နေတာလား ဆိုတာ သေချာသိနေရအောင် အသက်ရှူသံတွေက အပြင်ထိကြားနေရအောင် မြန်လို့ လည်ပင်းက သွေးကြောတွေပါ ထောင်တက်နေပြီး အံကို တင်းကြိတ်ကြိတ်လျက်က ဆိုသည် ။

The Red Soul Opowieści tętniące życiem. Odkryj je teraz