8

5.2K 481 31
                                        


Unicode

အနီ သည် ထိုတစ်စုံတစ်ရာကြောင့်ပင် လွန်လာပြီးခဲ့သည့် အချိန်တစ်ခုကို ပြန်တွေးမိသွားသည် ။ အနီက မှတ်ဥာဏ်ကောင်းတဲ့သူမို့ သိပ်မတွေးရပေမယ့် အသေးစိတ်ကအစ မှတ်မိနေသေး၏ ။

အဲ့ဒီအချိန်က အနီ့ ဖေဖေ သည် ဒေါသတကြီး ဖြစ်နေပြီး ထိန်းမည့်သူ မည်သူမှမရှိပဲ အနီ့ ကိုသာ အကုန်လုံး ဝိုင်း ကြည့်နေခဲ့ကြသည် ။

"ဖြန်း!!!"

ပါးပြင်မှာ ပူထူသွားတဲ့ ခံစားချက်တစ်ခုနဲ့အတူ
အနီ့ ခေါင်းပင် လည်ထွက်သွားဖူးသည် ။
မေမေ ဒေါသထွက်တာ မကြာခန မြင်ဖူးပေမယ့်
ဖေဖေ အဲ့လောက်ထိ ဒေါသထွက်နေတာ တစ်ခါမှ အနီ မမြင်ခဲ့ဖူးပေ ။

"မွေးရကျိုး မနပ်တဲ့ သမီး
ငါ သတ်မယ် ၊ သမီး ဖြစ်သူက မိန်းမချင်း ကြိုက်တဲ့သူ ဆိုတာ ပတ်ဝန်းကျင်က ဝိုင်းအပြောအဆို ခံရတာထက် သမီးကို ပြန်သတ်လို့ ထောင်ထဲမှာ သွားနေရတာကမှ ခံသာအုံးမယ် "

ပြောလည်း ပြော နံရံမှာ အလှချိတ်ထားသည့် ရှေးဟောင်း ဓားကြီးကိုလည်း ဓားအိမ်ကနေ ဆွဲချွတ်ကာ အနီ့ကို လှမ်းခုတ်သည် ။ အနီသာ စားပွဲခုံအောက် ဝင်မပုန်းလိုက်လျှင် အနီ အဲ့နေရာမှာတင် တကယ် သေသွားမှာပဲ ဖြစ်ပြီး ဖေဖေ သည် အနီ့ကို တကယ် သတ်ပစ်ဖို့ ရည်ရွယ်ခဲ့ဟန် တူသည် ။

ဓားနှင့်လှမ်းခုတ်သည်ကို မြင်လိုက်မှ အနီ့ကိုသာ အံ့ဩတကြီး ကြည့်နေခဲ့သော ကိုကို က အသိဝင်လာပုံရကာ ဖေဖေ့ကို လှမ်းဆွဲထားခဲ့သည် ။

"ဖေဖေ တော်ပါတော့ဗျာ
အခု ညီမလေးက မိန်းကလေးချင်းကြိုက်နေပြီးအိမ်ကို ချစ်သူခေါ်လာ သေးတာလည်း မဟုတ်ဘူး ဒီအရွယ်မှာ သူ့ခံယူချက် ကို သူလည်း သေချာသိအုံးမှာမဟုတ်ဘူးလေ စိတ်ပြောင်းချင် ပြောင်းသွားမှာပါ "

ဖေဖေ တို့၏ စံပြသားကြီး ဖြစ်သော ကိုကို့ဆီက စကားကြောင့် ဓားနှင့်လှမ်းခုတ်သည်အထိ ဖေဖေလုပ်တာ မှန်တယ်ဟုပင် ထင်နေသော မေမေ က ထိုအခါမှ ဓားကို ဆွဲယူဖော်ရလေသည် ။

"သွား .. အခုချက်ချင်း ငါ့ရှေ့က ထွက်သွား
ငါ သတ်မိလိမ့်မယ် .. ထွက်သွား .. သွား "

The Red Soul Donde viven las historias. Descúbrelo ahora