Unicode
အနီ ကတော့ ကိုမြတ်အတွက် ဆိုတာ သေချာတဲ့ အဖြေဟုတ်ရဲ့လားဆိုတာ သူမ ကိုယ်တိုင်တောင်မသိပေ ။ လောလောဆယ်တော့ နွယ့် ကို ဖြေဖို့ရာအတွက် အကြောင်းပြချက်ကောင်းကောင်းလေးတစ်ခု ဖြစ်သွားရသည်ပဲ လုံလောက်ပါ၏။
"ဟော . Two နိုးလာပြီလား "
နွယ့်အသံကြားမှ လှည့်ကြည့်လိုက်တော့ Two
ဆံပင်စုတ်ဖွားက နဖူးပေါ်မှာ ဆံပင်တွေက စိုလက်စ မို့ အခုမှ မျက်နှာသစ်ပြီး ဆင်းခဲ့ဟန် တူသည် ။ မိတ်ကပ် မပါတဲ့ မျက်နှာလေး ကို မြင်ရတာ အနီ ရှုပ်နေတဲ့ စိတ်တွေတောင်မှ ခဏတာ အေးချမ်းသွားသလိုပင် ။"Two ရောက်နေတာ ကြာပြီလား "
အနီ ထိန်းထားသည့်ကြားမှပင်
အနီ့ အသံတွေမှာ တစ်ခုခုတုန်လှုပ်နေဟန်ကအထင်းသား ။ အနီတို့ ပြောနေတဲ့ စကားတွေကို Two ကြားသွားမှာ အစိုးရိမ်လွန်နေသည် ။ အနီ က အနီ နဲ့ မတူတော့သလိုမျိုး ။"ခုမှရောက်တာ ဗိုက်ဆာနေပြီ ဘာရှိလဲဟင် "
Two ပုံစံက ဘာမှကြားလိုက်ပုံတော့ မရတာမျိုး သက်ပြင်းလေးကို ခိုးချရ၏ ။ Two က သူများအိမ်မှာ ရောက်နေတာနဲ့ မတူ နေသားတကျရှိနေတဲ့ ဒီ အိမ်သားနဲ့တောင် တူသည်။ မသိရင်ပဲ အနီ နဲ့ သူမနဲ့က လက်ထပ်ပြီးသား လူတွေလိုမျိုးလေ။
အဲ့လိုလေး တွေးမိလိုက်တဲ့အချိန်မှာ
အနီ့ စိတ်ထဲမှာ ကြည်နူးမှုတစ်ချို့ ခိုအောင်းသွားမှန်း ကိုယ့်ဘာသာတော့ အနီ ရိပ်မိလိုက်သည် ။"Two ဘာကြိုက်တတ်မှန်း မသိလို့
အနီ စားသလ်ိုပဲ ပေါင်မုန့် နဲ့ ကြက်ဥကြော် ပဲရှိတယ် ""ဟုတ်လား "
Two အသံက အနည်းငယ်
စိတ်ပျက်သွားဟန် ပေါက်လေသည် ။
Two မျက်နှာ အမူအရာ ကြည့်ရတာလည်း သိပ်ကြိုက်ပုံမရပေ ။"Two မကြိုက်ဘူးလားဟင် "
"မကြိုက်ဘူးတော့ မဟုတ်ပါဘူး စားပါတယ် "
"မဟုတ်သေးဘူးလေ
Two က ဘာကြိုက်တာလဲ ""မုန့်ဟင်းခါး "
"ဒီနေ့တော့ ချက်ဖို့လည်း အချိန်မမှီလောက်တော့ဘူး ခနလေးနော် အနီ သွားဝယ်ပေးမယ် "
![](https://img.wattpad.com/cover/211387778-288-k892461.jpg)