Unicodeငိုထားတာမို့ မျက်ခွံတွေ ပူနေတယ်ဟုဆိုကာ
ရေခဲရေကို ဇလုံနဲ့ Towel အသေးလေးတွေပါထည့်လာပြီး မျက်ခွံပေါ် တင်ပေးပါအုံး တဲ့လေ
အဲ့လိုလေး လုပ်ပေးတာကို အနီက အရမ်းကြိုက်လို့ပါတဲ့ ။"အင်း "
"ဒီအပေါ်မှာ လှဲမယ်နော် ၊ Two အဆင်ပြေအောင် "
ခေါင်းအုံးရှိပေမယ့် ခေါင်းအုံးပေါ် လှဲမချပဲ
Two ပေါင်ပေါ်မှာ ခပ်ဖွဖွ လှဲချသည် ။ မထင်မှတ်ထားတာမို့ အနီ့ကို ငုံကြည့်မိတော့ အနီက ပြန်ကြည့်နေပြန်သည် ။ အနီးကပ်မြင်ရမှပဲ သတိထားမိသည် ။ အနီ့ မျက်ဆံလေးတွေက အညိုရောင် တောက်တောက် ။"အနီ က ၊ ကပြား လားဟင် "
"အွန်း ဟုတ်တယ်
မေမေ့ဘက်က အဖွားက Japanese ""ဩော် ၊ အဲ့ဒီလိုကိုး "
မမ ဖတ်ပြဖူးတဲ့ စာအုပ်တွေထဲမှာ နိုင်ငံရပ်ခြားက လူတွေက ဒီကလူတွေနှင့် မျက်ဆံအရောင်မတူကြဘူး ဆိုတာကို မှတ်ထားမိဖူးလို့သာ Two က သိပ်မသိ ။
"ဘာလို့ မေးတာလဲဟင် "
"အနီ့ မျက်ဝန်းတွေက အနက်ရောင် မဟုတ်လို့
Sorry ၊ ငါ အများကြီး စပ်စုမိသွားလား "အနီက ပြုံးသည် ။ပြုံးလိုက်တိုင်း ကော့ညွှတ်သွားတဲ့ အနီ့ နှုတ်ခမ်းပါးလေးတွေကလည်း လှတာပဲ ။
"ဟင့်အင်း
Two က အနီ့အကြောင်းတွေ စိတ်ဝင်စားတာ ကြိုက်တယ် ၊ တဖြည်းဖြည်း နဲ့ အနီ့ကို စိတ်ဝင်စားလာမယ့် လမ်းစပဲလေ "အနီကတော့ ထိုစကားကို ဘာအဓိပ္ပါယ်နဲ့ ပြောမှန်းမသိပေမယ့် Two က အိပ်ပျော်နေရာက လန့်နိုးလာသူလို စိတ်ထဲမှာ တစ်စုံတစ်ရာက ရှုပ်ထွေးသွားပြန်သည် ။
"အနီ မျက်စိမှိတ်ထားလေ
မျက်လုံးကြီးဖွင့်ပြီး Two က ဘယ်လိုလုပ်ရမှာလဲ ""အော် .. ဟော် .. Two က
မျက်လုံးဖွင့်ထားရင် မလုပ်တတ်ဘူးလား "အနီ ဘာကို ပြောချင်တာလဲဆိုတာ ရုတ်တရက်စဉ်းစားလို့မရလိုက်ပဲ အနီ့ရဲ့ ပြောင်စပ်စပ်မျက်နှာပေးကို မြင်မှ ရုတ်တရက် အတွေးပေါက်သွားရ၏ ။
