Unicode
"ဒီလိုမျိုး ခနခန arrest ရနေရင်တော့ မကောင်းတော့ဘူး "
ဖြူလျော့ပြီး ဖောင်းကား ရောင်ရမ်းနေတဲ့ မမ မျက်နှာလေးကို ထိုင်ကြည့်ရင်း အရမ်းပဲ ပင်ပန်းနေခဲ့ပြီလားလို့ တွေးမိပြန်သည် ။ ဒီရောဂါဆိုးကြီး ကို ခုခံထားရတာ မမ လိုမျိုး နူးညံ့တဲ့မိန်းကလေးတစ်ယောက်က ၂ နှစ်ကျော်အထိ
တောင့်ခံနေနိုင်သေးတာကိုက မယုံကြည်နိုင်စရာပဲ ဖြစ်၏ ။ ပြန်စဉ်းစားကြည့်လိုက်မှ မမ က
ရုပ်ရည်သွင်ပြင်ပုံစံနဲ့ တခြားစီဖြစ်တဲ့ သန်မာတဲ့ သည်းခံနိုင်အား ရှိသူဖြစ်လေသည် ။ အခုမှမဟုတ် ဟိုးအရင်ကတည်းက ၊ Two နဲ့မတွေ့ခင် ဟိုးရင်ကတည်းက ပေါ့ ။"အင်း .. ကလေး ရောက်နေတာလား "
ရှုံ့မဲ့မဲ့ ငြီးတွားသံနဲ့အတူ မျက်လုံးဖွင့်လာပြီး
Two ကို ညင်သာစွာ ပြောနေပုံက သူ့မှာ ဘာဝေဒနာမှ မခံစားခဲ့ရသည့်အတိုင်း မမပဲ အေးချမ်းနိုင်လွန်းသည်။"မမ အိပ်လိုက်အုံးလေ Two က ခနလာတာ "
"ရပါတယ် ကလေး နဲ့ စကား မပြောဖြစ်တာ
ဘယ်လောက်တောင် ကြာပြီလဲ ၊ မတော်တဆ ခုနေများ သေသွားရင်နှုတ်တောင် ဆက်လိုက်ရမှာ မဟုတ်ဘူး "ဒီအတောအတွင်း ပိုက်ဆံကို အလျင်မှီအောင် လိုက်ရှာနေရင်း မမ ကို အထီးကျန်နေစေမိပြီလားလို့ တွေးမိပြန်သည်။
" မမက ဘာလို့ သေရမှာလဲ ခနလေး သည်းခံပေး
ကျောက်ကပ်အလှူရှင်တွေ့တာနဲ့ မမ ပြန်ကောင်းသွားမှာ"မမ က ဘာမှသိပ်မပြောပဲ ပြုံးနေသည် ။
မမ အပြုံးတွေက အရင်အတိုင်း နူးညံ့ပြီးအေးချမ်းနေတုန်း ။ဒါပေမယ့် မမ ရဲ့ အပြုံးတွေထဲမှာ အဓိပ္ပါယ်တစ်ချို့က ပျောက်ဆုံးနေတုန်း။"မမ မောလို့ စကားသိပ်မပြောနိုင်ဘူး
ကလေး မမ ကို စကားတွေအများကြီး ပြောပါလား ""စာအုပ်ဖတ်ပြရမလားဟင် "
မမ က ခေါင်းကို ခပ်လေးလေး ခါပြရင်း
Two ကိုကျော်ပြီး တံခါးဝ ဆီသို့ လှမ်းကြည့်သည် ။"သူ့အကြောင်း ပြောပြ "
မမ လက်ညိုးထိုးရာဆီသို့ ကြည့်လိုက်တော့
တံခါးပေါက်ရဲ့ မှန်ချပ်လေးကနေ မြင်နေရတဲ့ အနီ ။ တစ်ချက်တစ်ချက်ဆိုသလို Two တို့ရှိရာကို လှည့်ကြည့်လိုက် ၊ တံခါးရွက်နားမှာ နားကပ်ပြီး Two တို့ပြောနေတဲ့ စကားတွေကို ခိုးနားထောင်နေလိုက် လုပ်နေတဲ့ ကောင်မလေးတစ်ယောက်က ချစ်စရာတောင် ကောင်းလွန်းနေလို့ ပြုံးမိရသေးသည် ။
