Unicode
"အနီ့ ပန်းချီပြခန်း ပိတ်လိုက်ရပြီ "
မျက်လုံးတွေ မို့အစ်သည်အထိ ငိုနေခဲ့သော အနီ့ အသံ ခပ်အစ်အစ်လေးက ဘယ်လောက်ထိ စိတ်ထိခိုက်နေမလဲဆိုတာ Two ပင် ခန့်မှန်းလို့ရနေပြီ ။
"Two ကြိုက်တဲ့ ပန်းချီကား တစ်ချပ်ပဲ အနီ ပြန်သယ်လာခဲ့တယ် ကားထဲမှာ "
ငိုနေသည့်ကြားထဲက Two တောင် မတွေးမိတဲ့
Two ကြိုက်တဲ့ ပန်းချီကားအကြောင်း လှမ်းတွေးနေပေးသေးသည် ။ အနီဟာ ဘယ်လိုမျိုးလဲ ။"အဲ့ဒါကို စိတ်ပူရမယ့် အချိန်လား ၊
အခု အဲ့ဒါဆို အနီက ဘာဆက်လုပ်မှာလဲ "အဲ့ဒီ မေးခွန်းကို မေးလိုက်တဲ့အချိန်မှာ Two ဆီက နွေးထွေးမှုနဲ့ ပုံစံတူတဲ့ စိုးရိမ်စိတ်လေး
ပါသွားမှန်း Two ကိုယ်တိုင်တောင်မှ ရိပ်မိလိုက်သည် ။ အနီ လည်း ရိပ်မိလောက်မှာပါ ။ မျက်ရည်တွေနဲ့ မော့ကြည့်လာတဲ့ မျက်ဝန်းတွေမှာ အနီ့ ပျော့ညံ့မှုတွေကို အရိုးသားဆုံး မြင်ရသည် ။ အနီက ငိုကြွေးနေတဲ့အချိန် တကယ့် ကလေးလေးလိုပဲ ။ ဒါက အနီ့ ပုံစံအမှန်ပဲလား လို့ မေးခွန်းထုတ်မိတော့ ဘယ်ကဝင်လာမှန်းမသိ Two စိတ်တွေက လေးလံလာသည် ။"အခု အနီ တို့ မိသားစု ဆေးရုံကို ဦးစီးရမယ် "
"အနီ အဆင်ပြေပါ့မလား "
ထိုတစ်ကြိမ် မေးခွန်း ကိုတော့ အနီက သူမ၏ ပင်ကိုယ် မျက်ဝန်းတောက်တောက်တွေနဲ့ ရဲရင့်စွာ ပြန်ဖြေလေသည်။
"အနီ ပဲလေ တခြားသူမှ မဟုတ်တာ
ဘယ်သူမှ မလုပ်နိုင်လဲ အနီလုပ်မယ် အနီ ချစ်တဲ့သူကို ကာကွယ်နိုင်ဖို့ အနီ တတ်နိုင်တာ အကုန်လုပ်မှာ "Two ရဲ့ မျက်ဝန်းထဲကို အသေအချာကိုပဲ စိုက်ကြည့်ရင်း ပြောနေခဲ့တဲ့ အနီ့ စကားတွေက ဘာအဓိပ္ပါယ်လဲ မသိ အနီ ချစ်တဲ့သူကို ကာကွယ်ဖို့ ဆိုတဲ့စကားက ဘာကိုရည်ညွှန်းပါသလဲ ။ တစ်ချို့အရာတွေက အပေါ်ယံတွေပါလို့ သိထားပြီး တစ်ခါတစ်လေ အစစ်အမှန်ဆိုတာကို ခံစားမိနေပြန်သည် ။တစ်ခါတစ်ရံ အနီက ပျော့ညံ့သယောင်ရှိပြီး တစ်ခါတစ်ရံ အနီက သူမတူအောင် ရဲရင့်နေပြန်သည် ။ အနီ့ ကို ဘယ်လိုနားလည်ရမှန်းပင် မတွေးတတ်တော့ ။
