9

4.5K 455 17
                                    

Unicode



ကိုကိုဟာ ချူဆီ မိန်းမ တစ်ယောက်ကြောင့်
ဘဝပျက်သွားသည်ဟု ကြားတုန်းက အဲ့မိန်းမ ကို
အနီ တကယ်ပဲ မုန်းတီးခဲ့တာ ဝန်ခံပါသည် ။ ဖေဖေ နှင့် မေမေ တို့၏ အတ္တတွေကြောင့်ဆိုတာ သိထားခဲ့တာတောင်မှ ထိုမိန်းကလေးကိုသာ အနီ မုန်းတီးခဲ့ပြီး မြန်မာပြန်ရောက်လာသည်နှင့် စုံစမ်းနေခဲ့တာ ဖြစ်ပြီး ထိုမိန်းမက ၅ နှစ်တိုင်တိုင် အနီ့စိတ်ထဲမှာရော အနီ့ နှလုံးသားထဲမှာပါ စွဲစွဲမြဲမြဲ သိမ်းထားခဲ့တဲ့ မိန်းမဆိုပြီး လက်ခံလိုက်ရတာက အနီ့က်ို ပိုနာကျင်စေခဲ့တာ ဖြစ်သည် ။ ဒီအချိန်တွေ အတွင်း အနီ့ကို နာကျင်စေသမျှ လူတိုင်း ကို အနီ စနစ်တကျ ဖျက်ဆီးတတ်ခဲ့ပေမယ့် သူမ ကိုတော့ ဘာမှ အစီအစဥ်မရှိပဲ အနီ့ အနားမှာ ခေါ်ထားခဲ့တာ ဖြစ်ပြီး အနီ သူမကို မုန်းလိုက်လို့လည်း မရ ။ သူမ ကို ပြန်ရှာတွေ့တဲ့အခါ ဆိုပြီး အနီ ကြိုတင်တွေးထားခဲ့သလိုချစ်လိုက်ဖို့ကလည်း မဝံ့မရဲ ။

ကားမှန်ဖွင့်ထားတဲ့ဆီကနေ အေးစက်စက်လေတွေ လာထိတွေ့တဲ့အချိန်မှာ အတိတ်ထဲ မျှောလွှင့်နေရာမှ အနီ နာရီ ကို တစ်ချက် ပြန်ကြည့်မိသည် ။

"ဟင် ကိုးနာရီတောင် ရှိပြီ "

Two ဟာ သတ္တိရှိပြီး ဘယ်နေရာမှာမဆို မကြောက်တတ်တဲ့ မိန်းမ တစ်ယောက်မှန်း အနီ မသိတာတော့ မဟုတ်ပေမယ့် Two ကြောက်နေမှာ စိုးရိမ်တာကလည်း အနီ ရဲ့ အသုံးမဝင်တဲ့ ခံစားချက်တွေတော့ မဟုတ်ပေ ။

ကားကို ခပ်မှန်မှန်အရှိန်နဲ့မောင်းလာရင်းက
ဘာကို စိတ်ပူမှန်းမသိပဲ တစ်ခုခုက အနီ့စိတ်ကို
ပူလောင်နေအောင်လှုံ့ဆော်နေသလိုမျိုး ခံစားချက်ရသည်။ အနီ က နိမိတ်ဆိုတဲ့ ခံစားချက်တွေကို ယုံသည် ။ ခံစားချက်တွေ မကောင်းတဲ့အခါတိုင်း မကောင်းတာ တစ်ခုခုဖြစ်တတ်တာကို အနီ နာကျင်ရတာတွေနဲ့ ရင်းပြီး ယုံကြည်ထားသည် ။ မြို့ထဲလမ်းမကြီးပေါ်မှာ အနီ့ကားလေးက ပုံမှန်အရှိန်ရဲ့ နှစ်ဆနှုန်းဖြင့် ပြေးနေသည် ။

အိမ်ရှေ့မှာ ကားရပ်လိုက်တော့ သော့ခတ်ထားဆဲဖြစ်သည့် ခြံတံခါးကြီးကအနီ့ကိုခြောက်လှန့်နေသည် ။ ဒီ အချိန်လောက်ဆို Two က အိမ်ပြန်ရောက်နေရမှာ ဖြစ်ပြီး သော့အပိုလည်း ပေးထားပြီးသားမို့ ဒီအတိုင်းကြီး အနီ တို့ ထွက်သွားတုန်းက ပုံစံအတိုင်း ကျန်ရစ်နေတာလဲ ဆိုတာက အနီ့ကို ပိုပြီး ပူလောင်စေသည် ။ အနီက သူမကို တရားဝင် ပိုင်ဆိုင်ထားတာလည်းမဟုတ်တော့
သူမ ထွက်သွားမှာကို ရူးမတတ် စိုးရိမ်လာသည် ။

The Red Soul Where stories live. Discover now