10

5.1K 499 15
                                    


Unicode


မနက်ခင်းမှာ စံပါယ်ပန်းခက်တွေရဲ့ မွေးရနံ့နဲ့ ကျီစယ်ပြီး အနမ်း နဲ့ လှုပ်နှိုးတတ်တဲ့ ချစ်သူတွေအကြောင်းသာ ကြားဖူးပါသည်။ အိမ်အောက် ထမင်းချက်ခန်းထဲက ပန်းကန်ပြုတ်ကျသံ ဆူဆူညံညံ နဲ့ မီးတူးညှော်နံ့ကြောင့် ဆက်မအိပ်နိုင်ပဲ ထလာရတဲ့ အနီ့ မနက်ခင်းတွေကတော့ နည်းနည်းကြောင်တောင်တောင်နိုင်တယ်လို့ မထင်ရဘူးလား ။

"Two ဘာတွေ လုပ်နေတာလဲ "

"ထမင်းကြော်နေတာ"

"ပြပါအုံး"

အိုးထဲမှာ တူးကပ်နေတဲ့ ထမင်းကြော် မည်းမည်းတွေက အနီ့ ကို လှမ်းပြောင်ပြနေသလိုပင် ။ ထမင်းကြော်မွှေတဲ့ ဇွန်းအပြားကြီးကလည်း ကြမ်းပြင်မှာရောက်နေပြီး ဇွန်းမှာကပ်နေတဲ့ ထမင်းစအချို့က ကြမ်းပြင်မှာ မွစာကြဲလို့ ။

"ခွိ"

မထိန်းနိုင်တော့ပဲ အနီ တစ်ချက် ရီမိတော့
မျက်မှောင်ကျုံ့ကြီးနဲ့ လှမ်းကြည့်တဲ့ Two မျက်နှာပေါ်တွင် နနွင်းမှုန့်အဝါရောင်တွေ ပေနေတာကြောင့် ကြောင်ကြောင်ကြားကြား နဲ့ ရီချင်စရာလေး ဖြစ်နေသည်။ မျက်နှာတည်ကြီးကို ကြောက်လို့  ထိန်းပြီး ရယ်မိနေရာက မအောင့်နိုင်တော့ပဲ ဟက်ဟက်ပက်ပက် ရီမောမိသည် ။ အတန်ကြာအောင် ဗိုက်ကိုနှိပ်ကာ ရီပြီးမှ
တစ်စထက် တစ်စ ပုတ်သိုးလာနေတဲ့ Two  မျက်နှာအခြေအနေကို ကြည့်ပြီး အနီ ရယ်နေတာကို ရပ်လိုက်ကာ ။

"Two ကို ဘယ်သူက လုပ်ခိုင်းလို့လဲ "

"အနီ့ကို ကူမလား လို့ပါ "

"အနီ့ကို ကူညီချင်တယ် ဆိုရင် ထိုင်ခုံမှာ ငြိမ်ငြိမ်လေးထိုင်နေပေး ၊ ကျန်တာ အနီ ဆက်လုပ်လိုက်မယ် ဟုတ်ပြီလား "

အနီ မလုပ်တာ ဘာများရှိသေးလို့လဲ ။

ထမင်းကြော် ထဲကို နံနံပင်လေးတွေပါ ညှပ်ထည့်ပြီး ကြက်ဥခေါက်ကြော်နေသည်အထိ အနီ့လှုပ်ရှားမှုတိုင်းကို Two လိုက်ကြည့်မိနေရင်းကတစ်စုံတစ်ယောက်ကို သတိရမိသွားကာ မျက်ရည်စတွေက မဖိတ်ခေါ်ပဲ ရစ်ဝဲလာပြန်သည် ။

"ကလေးက ဘာမှ လုပ်ကူစရာမလိုပါဘူး
ငြိမ်ငြိမ်လေး ထိုင်ပေးနေတာက ကူညီတာပဲ " 

The Red Soul Where stories live. Discover now