17

3.9K 413 47
                                    

Unicode


အနီရင့်ရင့် ဂါဝန်ခပ်တိုတို နဲ့ အနီက တောက်ပစွာ
လှပနေသလောက် နှုတ်ခမ်းက စူထော်ထားသည်မှာ ချစ်စရာကောင်းသည့် ကလေးဆိုးကြီး တစ်ယောက်လိုမျိုး မလိုက်ဖက်ပဲ ရှိနေသည် ။

"Two ရာ ၊ လိုက်ခဲ့ပါဆိုနေ ၊ Two မပါရင်
အနီလည်း မသွားချင်ဘူး "

Two မသိတဲ့ သူစိမ်းတွေချည်း ရှိနေမှာဖြစ်တဲ့
အနီ့မိဘတွေအိမ်မှာ ကျင်းပမယ့် Birthday dinner Party ကို မသွားချင်လို့ ငြင်းနေတဲ့ Two ကို လိုက်ခဲ့ပါလို့ အမိန့်ပေးခေါ်ရင် ရပါလျှက်နဲ့ ကလေးတစ်ယောက် ပူဆာသလိုမျိုး ပူဆာနေပုံက လိုလိုလားလား လိုက်သွားချင်စိတ်ကို လာနှဲ့ယူနေတာနဲ့ တူသည် ။

"ငါ သိတဲ့သူတွေမှ မရှိတာ "

"အနီ ကရော "

"အနီ ပဲ ရှိတာလေ "

"နွယ် ရော ရှိတယ် ၊ Two သိပါတယ်
အနီ့ သူငယ်ချင်းလေ "

လာနောက်နေတာလား လို့ ကြည့်လိုက်တော့လည်း အနီက အတည်ပေါက်ကြီး ပြောနေတာ ဖြစ်သည် ။ နွယ် ဆိုတဲ့ အနီ့ သူငယ်ချင်းကဖြင့် Two ကိုမြင်တိုင်း စုံထောက်မောင်စံရှား အကြည့်နဲ့ အပြစ်သားလို ကြည့်တာ စကားရယ်လို့ တူတူတန်တန် ပြောဖူးတာ တစ်ခါမှမရှိပဲ အဲ့ဒါကို Two ရဲ့ အသိလို့ သတ်မှတ်ရအုံးမည်ဆိုပဲ ။

"အနီ့ ကို မွေးနေ့လက်ဆောင် ဘာလိုချင်လဲ မေးတာလေ အဲ့ဒါ အခု Two က အနီ့နောက်ကို လိုက်ခဲ့စေချင်တယ်"

"...."

"စဉ်းစားမနေပါတော့နဲ့ Two ရာ .. နော် .. နော် "

မပြောဘူးလား အနီ့ ရဲ့ အဲ့လိုပုံစံတွေကို Two ကသဘောအကျဆုံးပါဆိုတာကိုလေ ။ သဘောကျဆုံးအရာတွေက အားနည်းချက်ဖြစ်လာတတ်သည်တဲ့ ။

"အင်း "

"ဟင် .. တကယ်ပြောတာနော်
Two ကိုယ်တိုင်ပြောတာနော် ၊ ဟုတ်ပြီ အချိန်မရှိတော့ဘူး လာ အနီ အလှပြင်ပေးမယ် "

လိုက်လျောပေးမယ် ဆုံးဖြတ်ပြီးမှတော့ အနီ ဝတ်ခိုင်းတဲ့ ဂါဝန်အရှည်ကိုလည်း လဲဝတ်လိုက်ပြီး မှန်ရှေ့မှာ ငုတ်တုပ်လေး ထိုင်နေရသည် ။

The Red Soul Wo Geschichten leben. Entdecke jetzt